ဂါဇာမှာ စစ်ဖြစ်နေလို့ ခြင်္သေ့တွေကို အိမ်မှာမွေးထားရ



ဂါဇာ ကမ်းမြောင်ဒေသမှာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့ စစ်ဖြစ်နေတာကို သိကြမှာပါ။ ယင်း စစ်ပွဲကြောင့် ဂါဇာမှာ ရှိတဲ့ တိရစ္ဆာန်ရုံဟာ ပိတ်သိမ်းခဲ့ရပါတယ်။ စစ်ဒဏ်ခံရတာလည်း ပါဝင်တာကြောင့် ဖြစ်ပါတယ်။ ဒါကြောင့်မို့ တိရစ္ဆာန် အများစုကို ထုတ်ရောင်းခဲ့ပြီး အများစုဟာ အီဂျစ်သို့ မှောင်ခိုသွင်းခြင်း ခံရပါတယ်။


ပုံမှာ မြင်တွေ့နေရတဲ့ ခြင်္သေ့ နှစ်ကောင်ကတော့ ပါလက်စတိုင်းမှ ဒုက္ခသည် မိသားစု တစ်စုစီ ရောင်းချခြင်းကို ခံခဲ့ရပြီး သူတို့ကတော့ ခြင်္သေ့တွေကို အိမ်မွေးကြောင်လေးတွေလို မွေးထားပါတယ်။ စမွေးစကတော့ သေးငယ်ပေမယ့် အကောင်က တဖြည်းဖြည်းနဲ့ ကြီးလာပါပြီး သူတို့ကို ပိုလို့ အသက်ကြီးလာတဲ့အခါကျရင် အကောင်တွေ ကြီးလာမှာ ဖြစ်တာကြောင့် ယခုလို အိမ်ထဲမှာ ထားဖို့ မသေချာတော့ကြောင်း ဆိုပါတယ်။ ယခု လက်ရှိမှာတော့ သူတို့ဟာ ကြောင်ငယ်လေးတွေလို ရန်မပြုတတ်ပဲ နေနေ ပါတယ်။

သို့ပေမယ့် အကောင်ကြီးလာရင် အန္တရာယ်ဖြစ်နိုင်ချေ ရှိတာကြောင့် ပိုကျယ်တဲ့ ပတ်ဝန်းကျင်ကို ပို့ပေးပြီး လှောင်အိမ်နဲ့ သေချာ ထားရှိပေးမှာ ဖြစ်ကြောင်း ဆိုပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

0 comments: