တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ သာ သုံးတဲ့ သူဌေးတစ်ဦး



Steve Smith လို့ အမည်ရတဲ့ အသက် ၅၂ နှစ်အရွယ် ဗြိတိန်နိုင်ငံသား အမျိုးသားဟာ သန်းကြွယ် သူဌေးတစ်ဦး ဖြစ်ပါတယ်။ သို့ပေမယ့် သူဟာ တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ ဖြင့်သာ အသက်ရှင် နေထိုင်နေခြင်း ဖြစ်ကြောင်း သိရပါတယ်။


အကြောင်းကတော့ ချွေတာချင်လွန်းလို့တော့ မဟုတ်ပါဘူး။ သူ့ အမျိုးသမီး ဖြစ်သူဟာ တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ သာ အသုံးစရိတ် ထုတ်ပေးလို့ ဖြစ်ကြောင်း ဆိုပါတယ်။ သူ့အနေနဲ့ လက်ထဲမှာ ငွေရှိရင် ရှိသလောက် သုံးတတ်တဲ့ အလေ့အထကြောင့် ဖြစ်ပါတယ်။ အသက် ၁၈ နှစ်သား အရွယ်က စတိုးဆိုင်တစ်ဆိုင်ဖွင့်ဖို့အတွက် အဖေဖြစ်သူဆီကနေ ပေါင် ၅သောင်း ချေးခဲ့ပါတယ်။ အောင်မြင်သွားတဲ့အခါ ၂၀၀၀ ခုနှစ်အရောက်မှာတောင် ဗြိတိန်ပေါင် သန်း ၅၀ နဲ့ ရောင်းချခဲ့ပါတယ်။ ယင်းကနေ ရရှိတဲ့ ငွေတစ်ဝက်ကို သူချေးထားတဲ့ မိဘထံကို ပြန်လည် ပေးအပ်ခဲ့ပါတယ်။

ပြီးတော့ ကျန်တစ်ဝက်ပြီး နေထိုင်ပြီး စီးပွားရေး ပြုလုပ်ရာ ယနေ့တိုင် သန်းကြွယ်သူဌေးတစ်ဦး ဖြစ်နေပါသေးတယ်။ သူ့အနေနဲ့ကတော့ တစ်ရက်ကို ဗြိတိန်ပေါင် ၂၀ နဲ့ သုံးလို့ လုံလောက် နေပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)
.

0 comments: