ဂျပန်မှာသာ တွေ့ရတဲ့ ချစ်စဖွယ် ရှဥ့်တစ်မျိုး


ဂျပန်နိုင်ငံ မြောက်ပိုင်းအစွန် Hokkaido မှာသာ တွေ့ရတဲ့ ကမ္ဘာ့ ရှားပါး ရှဥ့်တစ်မျိုးကတော့ ပုံမှာ မြင်တွေ့နေရတဲ့ ရှဥ့်ပဲ ဖြစ်ပါတယ်။ သူ့အမည် ကတော့ Ezo momonga ဖြစ်ပါတယ်။ အပင် တစ်ပင်နဲ့ တစ်ပင်အကြား ခုန်ပျံ တတ်ပြီး သူ့မျာ ချစ်စဖွယ် အသွင်အပြင် ရှိပါတယ်။


သူ့မှာ ပါးဖောင်းဖောင်း၊ ခန္ဓာကိုယ် အချိုးအစား လုံးလုံး ပူပူ ရှိပြီး သစ်ပင်အမြင့်တွေ ပေါ်မှာ ခုန်ပျံပြီး သွားတ်တာကြောင့် ရှဥ့်ပျံလို့တောင် တင်စားခေါ်ပါ သေးတယ်။ အရွယ်အစား ကလည်း သာမန် ရှဥ့်တစ်ကောင် လောက်ပဲ ရှိပါတယ်။ ဒါပေမယ့် အဆင်းကတော့ ပုံမှာ မြင်ရသလိုပဲ အဖြူရောင် အများစု ပါဝင်ပြီး ယုန်ငယ်လေး တစ်ကောင်လို၊ ကြွက်ငယ်လေး တစ်ကောင် ချစ်စရာ အသွင်အပြင် ရှိပါတယ်။

သူ့က ရှိနေတာ ကြာပြီ ဖြစ်ပေမယ့် လွန်ခဲ့တဲ့ ငါးနှစ်ကမှ ဓာတ်ပုံဆရာများက သူ့ဓာတ်ပုံကို ကြိုးစား ရိုက်ယူလာခြင်း ဖြစ်ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: