မိဘတွေ သဘောမတူလို့ အဆုံးစီရင်ခဲ့ကြတဲ့ ဗီယက်နမ်က ချစ်သူ နှစ်ဦး



ဗီယက်နမ်နိုင်ငံ မြို့ငယ်လေးတစ်ခုမှာ နေထိုင်တဲ့ ဆယ်ကျော်သက် အရွယ် ချစ်သူ ရည်းစား နှစ်ဦးဟာ ဆေးသောက်ပြီးတော့ နှစ်ယောက်သား ကိုယ့်ကိုယ်ကို သေကြောင်းကြံသွားကြပါတယ်။


သူတို့ဟာ ချစ်သူ ရည်းစားဖြစ်ကြပေမယ့် နှစ်ဘက် မိဘများက သဘောမတူပါဘူး။ အခြေအနေကိုက သူတို့ နှစ်ယောက်အတွက် ဘဝတစ်ခု ဖန်တီးရန်ခက်ခဲခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့ဟာ ၂ ဦးသား တူညီတဲ့ ခံယူချက်နဲ့ အဆုံးစီရင်သွားကြသတဲ့။ ယင်းဖြစ်ရပ်ကြောင့် ဗီယက်နမ်မှာ သားသမီးရေးရာကိစ္စမှာ မိဘရဲ့ ပါဝင်မှုဟာ ဆိုရှယ်လစ် ဆန်ဆန် ရှိနေကြောင်းကို သက်သေပြခဲ့ ပါတယ်။ ဒါပေမယ့် သေကြောင်းကြံသွားတဲ့ ၂ ဦးအတွက် ဝမ်းနည်းကြတဲ့သူများ ရှိသလို အပြစ်တင်သူများလည်း ရှိပါတယ်။

ငယ်ရွယ်စဉ် စိတ်ခံစားချက်ကို အင်မတန် ဦးစားပေးမှုဟာ သူတို့အတွက် နောင်တရစရာများ ဖြစ်လေမလားလို့တောင် မေးခွန်း ထုတ်လာခဲ့ကြ ပါတယ်။
.
Ref: karenblog
အောင်ခမ်း (www.innewsmyanmar.com)
#aungkham_inm

0 comments: