ကမ္ဘာ့ အကြီးဆုံး ယုန် နောက်တစ်ကောင်တိုးလာမည်



ဗြိတိန်နိုင်ငံမှ ကမ္ဘာ့အကြီးဆုံး ဂင်းနစ်စံချိန်တင်ပြီးနောက် ယင်း ယုန်မှာ သားတစ်ကောင် ရှိတဲ့ သတင်းကတော့ ယခုမှ ထွက်ပါတော့တယ်။ အကြောင်းကတော့ သူ့သား ယုန်လေးဟာလည်း ယခုမှာ ၃ ပေ ၈ လက်မ အထိ ရှည်လာပြီး ဆက်လက် ကြီးထွားရန် ၆ လ ကျန်သေးတာကြောင့် ဖြစ်ပါတယ်။


ဒါကြောင့်မို့ သားငယ် ယုန်ဟာ အဖေ ဖြစ်သူထက် ပိုပြီးတော့ ကြီးလာနိုင်ချေ ရှိနေပါတယ်။ အမေ ဖြစ်သူ ယုန်ဟာ ၃ ပေ ၅ လက်မ အရှည်ရှိပြီး အဖေ ယုန်က ၄ ပေ ရှည်ပါတယ်။ ကိုယ်အလေးချိန် ကတော့ ၃.၅ စတုံ ရှိပါတယ်။ သူ့သားဟာ လက်ရှိမှာ သူ့ထက် အနည်းငယ်ငယ်သေးပေမယ့် ကြီးထွားဖို့ ၆ လ ကျန်သေးတာကြောင့်  ဖြစ်ပါတယ်။

ယုန် အကြီး တစ်ကောင် တစ်ကောင်အတွက် ကျွေးရတဲ့ စရိတ်က တစ်နှစ်ကို ဗြိတိန်ပေါင် ၅၀၀ ရှိကြောင်း သိရပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

0 comments: