အကြမ်းဖက်သမားမှာ ဘာသာမရှိ



ခရစ်ယာန်ဘာသာဝင် လင်မယား နှစ်ဦးဟာ IS IS အကြမ်းဖက် ဝါဒီ သူပုန်များ ကြီးစိုးတဲ့ မြို့ကနေ ထွက်ဖို့ ကြိုးစားပါတယ်။ မြို့တံခါး အရောက်မှာ သူပုန်က မေးပါတယ်။

"မင်းတို့ ဘယ် ဘာသာကိုးကွယ်လဲ"

ဒီတော့ အကြောက်လွန်နေပြီဖြစ်တဲ့ အမျိုးသမီးက ဘာမှ မဖြေရဲပါဘူး။ အမျိုးသားကတော့ ရုပ်တည်နဲ့ ဖြေပါတယ်။


"ကျွန်တော်တို့က မူစလင်တွေပါ"

ဒါကြောင့် သူပုန်က ထပ်မေးပါတယ်။

"ဒါဆို ကိုရန် ကျမ်းထဲက စာပိုဒ်တစ်ပိုဒ်ကို ရွက်ပြပါ"

ဒါကြောင့်မို့ အမျိုးသားက ရုပ်တည်နဲ့ ခရစ်ယာန် ကျမ်းထဲက စာပိုဒ်တစ်ပိုဒ်ကို ရွတ်လိုက်ပါတယ်။

ဒါနဲ့ပဲ သူပုန်က လွတ်ပေးလိုက် ပါတယ်။

ဒါကြောင့် အမျိုးသမီးဟာ အံ့သြပြီး အမျိုးသားကို မေးပါတယ်။

"ရှင်မို့လို့ အစ္စလာမ်မစ် သူပုန်ကြားမှာ ခရစ်ယာန်ကျမ်း ရွက်ရဲတယ်နော်"

 အမျိုးသားက ယခုလို ပြန်ဖြေ ပါတယ်။

"ISIS တွေက အစ္စလာမ်တွေ မဟုတ်ဘူး။ အကြမ်းဖက်သမားတွေမှာ ဘာသာဆိုတာ မရှိဘူး"

ISIS is not Islam, terrorism has no religion.

အောင်ခမ်း (www.innewsmyanmar.com)

0 comments: