အမေရိကန်ထုတ် Nexus 5 ရပြီ



အမေရိကန်မှာ ဖြန့်ချိရောင်းချတဲ့ Google နဲ့ LG တို့ ပူးပေါင်းထုတ်လုပ်သော Nexus 5 စမတ်ဖုန်းကို မြန်မာပြည်မှာလည်း ရရှိပါပြီ။  ဈေးနှုန်းက 32 GB အတွက် ၅သိန်း ကျော် ဝန်းကျင် ရှိပါတယ်။


မျက်နှာပြင် ၄.၉၅ လက်မ ရှိပြီး IPS LCD ကို Gorilla Glass 3 ဖုံထားခြင်း ဖြစ်ပါတယ်။ အရည်အသွေးမြင့်ပါတယ်။ 1080x1920 pixel resolution ပေးပြီး ppi အဆင့်က ၄၄၅ တောင် ရှိပါတယ်။ RAM 2GB ဖုန်းပါ။ Processor က 2.26 GHz Snapdragon 800 ဖြစ်ပါတယ်။ အားသာချက် တစ်ခုက Android Kitkat 4.4.2 ကို အသုံးပြုထားတာမို့ နောက်ဆုံးပေါ် Android OS ကိုထိတွေ့ခံစားရမှာ ဖြစ်ပါတယ်။ ကင်မရာက 8 Megapixel ပါ။ သို့ပေမယ့် CMOS sensor, f/2.4 aperture နဲ့ LED flash တို့ပါဝင်တာမို့ နောက်ဆုံးပေါ် စမတ်ဖုန်းများရဲ့  ကင်မရာများနဲ့ ယှဉ်လို့ ရပါတယ်။ ရှေ့ ကင်မရာကတော့ 1.3 MP ရှိပါတယ်။

16GB နဲ့ 32 GB ၂ မျိုး ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ memory ထပ်ဆိုဒ်လို့မရ ပါဘူး။ ဘက်ထရီလည်း ကောင်းပြီး သူ့မှာ အခြားသော အားသာချက်များစွာ ရှိနေပါသေးတယ်။ အမေရိကန်မှာ ဖြန့်ချိတဲ့ စမတ်ဖုန်း ဖြစ်တာ ကြောင့်မို့ အရည်အသွေးပိုင်းမှာ ပြောစရာမရှိပါဘူး။ စိတ်ဝင်စား၊ လေ့လာ၊ ဝယ်ယူ လိုသူများ အောက်ပါ Link မှာ ဝင်ရောက် စုံစမ်း နိုင်ပါတယ်။
https://www.facebook.com/knn.biz.gp

အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: