နျူကလိယဗုံး ၂ လုံးမိပေမယ့် သေဘေးက လွတ်ခဲ့သူ



၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့က Tsutomu Yamaguchi ဟာ ဟီရိုရှီးမားကို အလုပ်ကိစ္စတစ်ခုနဲ့ ရောက်ပါ တယ်။ သူရောက်ပြီးတော့မှပဲ အမေရိကန် လေတပ်က Little Boy လို့အမည်ရတဲ့ နျူကလိယ ဗုံးကို ကြဲခဲ့ ပါတယ်။


ဗုံးဒဏ်ကြောင့် ခန္ဓာကိုယ်မှာ ဒဏ်ရာရရှိပြီး အမြင်အာရုံကို ထိခိုက်စေခဲ့ ပါတယ်။ ပြီးတော့ သူ့နေရပ်ဖြစ်တဲ့ Nagasaki ကို ပြန်ဖို့ ကြိုးစားခဲ့ပြီး ၁၉၄၅ ခုနှစ် သြဂုတ်လ ၉ ရက်နေ့မှာ အမေရိကန်တို့ကြဲတဲ့ ဒုတိယမြောက် ဗုံးတစ် လုံးကို ထပ်မံ ကြုံတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာလဲ ဒဏ်ရာရရှိခဲ့ပေမယ့် အသက် မသေ ပါဘူ။ ကျန်းမာရေး ပြုစုစောင့်ရှောင့်မှုကြောင့် ဘယ်ချို့ ယွင်းချက်မှ မရှိပဲ မျက်လုံးပါ ပြန်ကောင်းခဲ့ ပါတယ်။

ဒီတော့ သူဟာ အတော်ကံကောင်းတဲ့ သူလို့ပဲ ဆိုရမှာ ဖြစ်ပါ တယ်။ နျူကလိယ ဗုံး ၂ လုံး စလုံးကို ကြုံတွေ့ ခံစားခဲ့ပြီး အသက်ရှင် ကျန်ခဲ့တဲ့ တစ်ဦးတည်းသော လူသား ဖြစ်ပါတယ်။
.
Ref: dyknow
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: