လူကိုမောင်းကူပေးတဲ့ တိုယိုတာကား



ပုံမှာ မြင်တွေ့နေရတဲ့ကား ဖြစ်ပြီး ကားရဲ့  ထူးခြားချက်က လူ့စိတ်ကို ဖတ်ရှု နိုင်ခြင်း ဖြစ်ပါတယ်။

တစ်ယောက်စီး ၃ ဘီးကား ဖြစ်ပြီး ပတ်ပတ်လည် မျက်နှာပြင်က LCD Display လို အလုပ်လုပ်မှာ ဖြစ်ပါတယ်။ ကားရဲ့ အမည်ကို FV2 Concept လို့ အမည်ပေးထား ပါတယ်။
လူ့စိတ်ကို ဖတ်ရှုတယ်ဆိုတာ ဒီလိုပါ။ အတွင်း ကနေ ဒရိုင်ဘာရဲ့  အသံနဲ့ မျက်နှာဟန်ပန်ကို Scan ဖတ်ပြီး စိတ်ဆိုးနေ လား၊ အာရုံလွင့်နေလား၊ မူးနေလား၊ တက်ကြွနေလား အစရှိသဖြင့် ဖတ်ရှု အဖြေထုတ်ပေးမှာ ဖြစ်ပါတယ်။ ဒီအဆင့်ထိကတော့ မထူးခြား ပါဘူး။ ထူးခြားသွားတဲ့အဆင့်က ရလာတဲ့အဖြေပေါ် တွက်ချက်လို့ ကားကို အလိုအလျောက် မောင်းနှင်ပေးခြင်း ဖြစ်ပါတယ်။

ဥပမာ အာရုံလွ့င်နေရင် အရှေ့ က ဖြတ်သွားဖြတ်လာနဲ့ အတားအဆီးများ ကို မြင်သာစေဖို့အတွက် အသံပေးမယ်၊ မျက်နှာပြင်မှာ အနီရောင်တွေ နဲ့ ပြရင်ပြမယ် အစရှိသဖြင့် Co Pilot တစ်ဦးလိုပဲ အစစအရာရာ ကူညီထောက် ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ ဒီတော့ ကားကို ကိုယ် တစ်ယောက် တည်း မောင်းနေတာ မဟုတ်တော့ပဲ Assitant Driver တစ်ဦး ပါလာသလိုပါပဲ။ သူ့ကိုလည်း Drive Assist လို့ပဲ အမည်ပေး ထားပါတယ်။

FV2 Concept မှာရယ်လို့ မဟုတ်ပဲ Toyota က ထုတ်သမျှ ကားတိုင်းမှာ ယင်းနည်းပညာ ပါဝင်လာနိုင်အောင် ဂျပန် တိုယိုတာက ကြိုး ပမ်းနေခြင်း ဖြစ် ပါတယ်။ ဒီတော့ ယာဉ်တိုက်မှုလည်း လျော့ကျပြီး အနာဂတ်မှာ ယာဉ်မောင်းဖို့အတွက် လူအပင်ပန်းကို ပိုသက်သာစေ မှာ ဖြစ်ပါတယ်။ ယင်း နည်းပညာကို နှစ် အနည်းငယ် အတွင်း အကောင် အထည်ဖော်လို့ တိုယိုတာတို့ အသုံးပြုသွားမှာ ဖြစ်ကြောင်း သိရပါတယ်။
.
Ref: mashable
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: