၂ ထပ် ကားပါကင် Cardok



ကား ပါကင်လုပ်ဖို့အတွက် ဂိုထောင် အလွတ်တစ်လုံး လုပ်မယ်ဆိုရင် ကုန်ကျစရိတ် များသလို၊ မြေနေရာလည်း များပါမယ်။


ပုံမှာ မြင်တွေ့နေရတဲ့ စနစ်ကတော့ အကုန်အကျလည်း သက်သာ သလို၊ မြေနေရာ အကုန်အကျလည်း မများပါဘူး။ အကြောင်း ကတော့ မြေအောက်ခန်းကို အသုံးပြုထားခြင်းကြောင့် ဖြစ်ပါတယ်။

Cardok  အမည်ရ ကုမ္မဏီက ဖန်တီးတဲ့ နည်းပညာ ဖြစ်ပြီး လျှပ်စစ်- ဟိုက်ဒရောလစ် ပါဝါ နှစ်မျိုး ပေါင်းစပ်လို့ ဖန်တီးထားတဲ့ ကား ပါကင် စနစ် ဖြစ် ပါတယ်။ အတက်အဆင်း အတွက် စက္ကန့် ၃၀ ထက် ပိုမကြာဘူးလို့ အာမခံ ထားပါတယ်။ လျှပ်စစ်ဓာတ်အား အသုံးပြုမှုလည်း နည်း ပါတယ်။

 မြေအောက်ခန်း တည်ဆောက်ပေးပြီး ကားရဲ့  လုံခြုံရေးလည်း ပိုလို့ စိတ်ချ ရကြောင်း ဆိုပါတယ်။ Cardok ကုမ္မဏီရဲ့  ကား ပါကင် အသုံးပြုမှု ကို အောက်ပါ ဗီဒီယိုလခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://youtu.be/PlFZAgTfte8

အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: