သန့်ရှင်းရေး အလုပ်သမား ဖြစ်ခဲ့တဲ့ Jim Carrey



Jim Carrey ကို မြန်မာပြည်က ရုပ်ရှင်ကြည့် ပရိတ်သတ် အတော်များများ လည်း သိကြမှာ ဖြစ်ပါတယ်။ The Mask ဆိုတဲ့ ရုပ်ရှင်ဇာတ်ကား အပြင် အခြားသော ဟာသ ရုပ်ရှင်ဇာတ်ကားပေါင်း များစွာနဲ့ အောင်မြင်ကျော်ကြား သူ ဖြစ်ပါတယ်။ သူဟာ တစ်ချိန်တုန်းက သန့်ရှင်းရေး အလုပ်သမား တစ်ဦးပါ။


အမေရိကန်မှာနေထိုင်ပြီး မိသားစုက တဖြည်းဖြည်းနဲ့ ဆင်းရဲလာ တာ ကြောင့် အသက် ၁၅ နှစ်မှာ သန့်ရှင်းရေး အလုပ်သမား အဖြစ် ဆေးရုံတွေ၊ ရုံးတွေမှာ လိုက်လုပ်ပါတယ်။ အထက်တန်းကျောင်း ဆက်တက်ပေမယ့် အချိန်ပြည့် အလုပ်ဆင်းတာကြောင့် အထက်တန်း လည်း မအောင်ခဲ့ ပါဘူး။ အဖေဖြစ်သူက ဟာသ ပြဇာတ်တစ်ခုမှာ ပါဝင်လုပ်ကိုင်သူ တစ်ယောက်ဖြစ်တော့ သားဖြစ်သူ ဝင်ရောက်လုပ်ကိုင်လို့ ရအောင် ဖန်တီးပေးရင်း Jim Carrey က ဟာသပြဇာတ်က လူရွှင်တော် တစ်ဦး ဖြစ်လာပါတယ်။

ဒီလိုနဲ့ အောင်မြင်လာပြီး ဟောလိဝုဒ်ကို ရွှေ့ ပြောင်းလို့ ဟာသ ရုပ်ရှင်များ စတင် ရိုက်ကူးဖြစ်ခဲ့ ပါတယ်။ နောက်တော့ Jim Carrey ဟာ ကမ္ဘာ့ လူကြိုက် များတဲ့ ဟာသ သရုပ်ဆောင် မင်းသား တစ်ဦး ဖြစ်လာတာ ဘယ်သူမှ ငြင်းမရ ပါဘူး။ အထက်တန်းကျောင်း မအောင်၊ သန့်ရှင်းရေး အလုပ်သမား ဘဝနဲ့ နှစ်အတော်ကြာ ရုန်းကန်ခဲ့တဲ့ Jim Carrey ရဲ့  ကြိုးစားမှုဟာ အများ အတုယူ လေးစားစရာ တစ်ခုပမာ ရှိနေပါတယ်။
.
Ref: wiki
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: