၂၀၁၄ ခုနှစ်မှာ ကြည့်စရာ ဟောလိဝုဒ် ရုပ်ရှင်တွေ


၂၀၁၄ ခုနှစ်မှာ ကြည့်စရာ ဟောလိဝုဒ် ရုပ်ရှင်တွေ ၄၄ ကား ဝန်းကျင် ရှိပါတယ်။ အားလုံး ရိုက်ကူးပြီးသား ဖြစ်ပြီး ရုံတင်ရက်ကို Box office က တရားဝင် ကြေညာထားပြီးသား ဖြစ်ပါတယ်။


အများစုက ထွက်ပြီးသား ရုပ်ရှင်တွေကနေ အဆက်အနေနဲ့ လာတဲ့ ရုပ်ရှင်တွေများပါတယ်။ ဥပမာ Paranormal Acutivity, 300, Captain America, Rio, Spiderman, X-Men, Resident Evil, Hobbit, Night at the Museum, Transformer, How to train Your Dragon, The Expendable, Hunger Games အစရှိသဖြင့် ဇာတ်ကား အများစုက အဆက်များအဖြစ် ပြန်လည် ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။ ထူးထူးခြားခြား အနေနဲ့ နှစ်အတော်ကြာမှ Robot cop က အဆက်အဖြစ် ပြန်လည် ထွက်ရှိလာခြင်း ဖြစ်ပါတယ်။

ဇာတ်ကား အများစုက အက်ရှင်နဲ့ ခေတ်လွန်ဇာတ်ကားများ ဖြစ်ပြီး ၂၀၁၄ အတွင်း Box Office စံချိန်တင်မယ့် ဇာတ်ကားများစွာ ပါဝင်တယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: Hollywood.
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: