အသဲပုံ မျက်နှာလိုချင်လို့ ကိုရီးယားမလေး ခွဲစိတ်ပြုပြင်ခဲ့



တောင်ကိုရီယားက TV Presenter အမျိုးသမီး တစ်ဦးဟာ အသဲပုံ ပုံသဏ္ဍန် မျက်နှာကိုလိုချင်တာကြောင့် ပလပ်စတစ်ဆာဂျီရီ ခွဲစိတ်ပြုပြင်ခဲ့ပြီး အွန်လိုင်းမှာ သူမရဲ့  ဓာတ်ပုံများ ပြန့်နှံ့ခဲ့ ပါတယ်။


ယခင်က လှပနေတဲ့ ရုပ်ရှည်ကို  ဂျပန်ကာတွန်းမလေးတွေ လို မှေးစေ့ချွန် ချွန် အသဲပုံ ပုံသဏ္ဍာန်လိုချင်တာကြောင့် ခွဲစိတ်ပြုပြင် လိုက်ခြင်း ဖြစ်ပါ တယ်။ သူမရဲ့  ခွဲစိတ်မှုဟာ အန္တရာယ် အင်မတန် များပါတယ်။ အသား အရည်တင်မဟုတ်ပဲ အရိုးအကြောများကိုပါ ခွဲစိတ်ပြုပြင်ရတာမို့ သေစေတဲ့ ခွဲစိတ်မှု ဖြစ်ပါတယ်။ ဒါကြောင့်မှု ပလပ်စတစ် ဆာဂျရီနဲ့ ပက်သက်လို့ တောင်ကိုရီးယား မှာ ဥပဒေ သစ်များ ပြန်ထုတ်ရမယ် လို့တောင် ဝေဖန်နေကြ ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပလပ်စတစ် ဆာဂျရီ ပြုလုပ်မှုအများဆုံး နိုင်ငံတစ်နိုင်ငံအဖြစ် စံချိန်တင် ထားပြီး အများဆုံးမြို့ က ဆိုးလ်မြို့ ဖြစ်ပါတယ်။ ဆိုးလ်မြို့ က ၅ ဦးမှာ ၁ ဦးက ပလပ်စတစ်စ် ဆာဂျီပြုလုပ်တဲ့အထကိုအရေအတွက်က အင်မတန် များပါတယ်။ ၂၀ ရာခိုင်နှုန်းဖြစ်ပြီး အသက်အပိုင်းအခြားကတော့ ၁၉ ခုနှစ်ကနေ ၄၉ နှစ်ကြား ဖြစ်ပါတယ်။

အများအားဖြင့် ပြုပြင်မှုက မျက်လုံးတစ်ဝိုက်ဖြစ်ပေမယ့် ပုံထဲက အမျိုးသမီးလို့ အသဲပုံကတော့ ကမ္ဘာ့ပထမဆုံး ဖြစ်ပါတယ်။ အရှေ့ အာရှသူ အချို့ လိုချင်ကြတဲ့ မျက်နှာထားဖြစ်ပြီး သူမကတော့ တကယ်ပြုလုပ်ယူခဲ့ ပါတယ်။ သူမရဲ့ ပြုပြင်မှုနဲ့ ပက်သက်ပြီး တောင်ကိုရီးယားနဲ့ ဂျပန်က ကြည့်ရှုသူတို့ကို အံ့သြမင်သက်စေခဲ့ကြောင်း သိရ ပါတယ်။
.
Ref: dailymail
အောင်ခမ်း ( www.innewsmyanmar.com )

.

0 comments: