ရုရှားတို့ တင့်ကား TOS


TOS လို့အမည်ပေးထားတဲ့ ရုရှားတို့ရဲ့ လျှို့ဝှက်တင့်ကားကို ၁၉၉၉ခုနှစ်မှာ ထုတ်ဖော်ပြသခဲ့ပါတယ်။

TOS ကို ဆိုဗီယက်ခေတ်ကတည်းက တည်ဆောက် ထားခြင်း ဖြစ်ပြီး ၁၉၈၈-၈၉ခုနှစ် အာဖဂန်နစ္စတန်မှ ဆိုဗီယက်စစ်ပွဲမှာ စတင်အသုံးပြုခဲ့ပါတယ်။ ၂၀၀၀ခုနှစ် Second Chechen စစ်ပွဲမှာလည်း အသုံးပြုခဲ့ ပါသေးတယ်။

TOS တင့်ကားဟာ အဝေးပစ်နဲ့ အနီးပစ်နှစ်မျိုးလုံးအတွက် အသုံးပြုနိုင်ပြီး အပိတ်အဆို့အတားအဆီးမရှိတဲ့ Open war တို့မှာ အသုံးတည့်ထဲ တင့်ကားဖြစ်ပါတယ်။ ဒုံးကျည်ပြောင်း ၃၀ ပါဝင်ပြီး ဒုံးကျည် အစင်း ၃၀လုံး တစ်ပြိုင်နက်တည်း ပစ်ခတ်နိုင်တဲ့ အရှိန်ပြင်း စစ်လက်နက်ဖြစ်ပါတယ်။

ဒုံးကျည်တင်မကပဲ၊ RPG သေနတ်ပါတပ်ဆင်ထားပြီး အနီးကပ်ခြုံတိုက်လိုက်လာမယ့် ရန်သူကိုပါတိုက်ခိုက်နိုင်ပါ တယ်။ အနီးကပ်ပစ်နိုင်မယ့် သေနတ်ပြောင်းနဲ့ ဗုံးပြောင်းတို့လည်း တပ်ဆင်ထားပြီး အလျင် အမြန်မောင်းနှင်နိုင်တဲ့ တင့်ကား ဖြစ်ပါတယ်။

အသုံးပြုတဲ့ အင်ဂျင်ကတော့ V-84MS ဒီဇယ်သုံး မြင်းကောင်ရေ ၈၄၀ အားရှိပါတယ်။ သူ့ရဲ့မြန်နှုန်း ကတော့ တစ်နာရီ ကီလိုမီတာ ၆၀ မောင်းနှင်နိုင်မှာ ဖြစ်ပါ တယ်။ အတွင်းခန်းမှာ စစ်သား သုံးဦးလိုက်ပါပြီး ပစ်ခတ်မှုတိုင်း ကို ကွန်ပျူတာထိန်းချုပ်စနစ်နဲ့ အသုံးပြုရမှာ ဖြစ်ပါတယ်။ ရေဒီယို၊ အင်တာကွန်း၊ လမ်းပြမြေပုံစနစ် စသည်ဖြင့် စုံစုံလင်လင်ပါရှိပြီး ၂၀၁၀နောက်ပိုင်းမှာ ပိုမိုအဆင့်မြင့်တဲ့ နည်းပညာတွေပေါင်းစပ် လာတယ်လို့ သိရပါတယ်။

TOS ကို Heavy flame thrower လို့ လူသိများပြီး လက်ရှိအသုံးပြုနေတဲ့နိုင်ငံကတော့ ရုရှားနဲ့ ကာဇာကစ္စတန်ဖြစ်ပါတယ် ဂျော်ဒန်နိုင်ငံမှလည်း ယင်းနည်းပညာကို ဝယ်ယူရန် စီစဉ်နေတယ်လို့ သိရပါတယ်။

TOS အသုံးပြုပုံဗီဒီယိုကို အောက်ပါလခ့်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

http://www.youtube.com/watch?v=zS9hK8Qag0Y&feature=fvwrel

International news for myanmar
-

0 comments: