Paulo Coelho ပြောသော တိုင်းပြည်ပျက်မည့် ပုံပြင်



Paulo Coelho (ညာဘက်မှ တစ်ဦး) ဟာ ကမ္ဘာ့အတော်ဆုံး၊ လူဖတ် အများဆုံး၊ လူကြိုက်အများဆုံး စာရေးဆရာစာရင်းဝင်တဲ့ ဘရာဇီးက Artist တစ်ယောက်ပါ။ သူ့ပြောတဲ့ လူတန်းစား ပုံပြင်တစ်ပုဒ်က ဒီင်္လို ဖြစ်ပါတယ်။

"ကလေး နှစ်ယောက်ရှိတယ်။ တစ်ယောက်က ဆင်းရဲသား၊ တစ်ယောက်က သူဌေးသား။ နှစ်ဦးသားက သူငယ်ချင်းတွေ ဖြစ်ပြီး တွေ့တဲ့အခါ သူဌေးသားက ကွတ်ကီးနဲ့ မုန့်ကောင်းကောင်း တွေ သယ်သယ်လာတတ် တယ်၊ ဆင်းရဲသား ကတော့ ပေါင်မုန့်ခြောက်ပဲ အမြဲသယ်လာပါတယ်။ သူဌေးသား ကလေး ငယ်က သူ့မုန့်ကို စားချင်ရင် သူ့ခွေး အဖြစ် ကစားပေးရ မယ်လို့ပြောတဲ့အခါ ကလေးငယ်လေး က ခွေးလေး လို နေရာ ကနေ နေပြီး ကစားပေးပါတယ်။ ဒီလိုနဲ့ သူဌေသားလေး ကျွေးတဲ့ ကွတ်ကီးနဲ့ မုန့်ကောင်းတွေကို စားခွင့် ရနေပြီး ဆင်းရဲသားလေး က ပျော်နေခဲ့ပါတယ်။

ဒါကိုမြင်တဲ့ ပညာရှိ လူတစ်ဦးက ဒီလိုကောက်ချက်ချပါတယ်။  "ဆင်းရဲသား ကလေးငယ်လေး အခြားနည်းလမ်းနဲ့ မုန့်ကောင်းစားရဖို့ ကြိုးစားသင့်တယ်။ ကလေးမို့လို မရှာတတ်ဘူးဆိုရင်လည်း ထားပါတယ်။ သူဌေးသားလေးဆီမှာ ခုလို အောက်ကျ၊နောက်ကျ ယူစားရလောက်အောင် ကိုယ့်သိက္ခာကို မစတေးသင့်ပါဘူး။ သူဌေးသားလေး ကျွေးတဲ့ ကွတ်ကီးစားရဖို့အတွက် သူ့ခွေးနေရာမှာ သရုပ်ဆောင်ပေးပြီး အခိုင်းခံတဲ့ လူငယ်ဟာ တစ်နေ့မှာ ရွှေထုတ်တစ်ထုတ်ရဖို့ မက်လုံးတစ်ခု အတွက် ကိုယ့်နိုင်ငံကို စတေးမယ့် လူစားမျိုး ဖြစ်တယ်။"

 စာဖတ်သူကော ဘယ်လိုမြင်လဲ။ လူတန်းစားခွဲခြားရေး ပုံပြင်တစ်ပုဒ်မှာ ဘယ်သူမှားလည်း၊ ဘယ်သူမှန်လဲ။ ဆင်းရဲချမ်းသာ၊ ဂုဏ်သိက္ခာ ရောထွေး နေတဲ့ ဒီခပ်ရှင်းရှင်းပုံပြင်တစ်ပုဒ်မှာ စာဖတ်သူတို့လည်း စဉ်းစားစရာ တစ်ခု ရနိုင်ပါတယ်။

No offence!. Let me know your point of view!
--
Ref: Paulo
International news for myanmar

--

0 comments: