International news for myanmar သင်္ကြန် ပိတ်ရက် ယာယီ ရပ်နားခြင်း


International news for myanmar မှာ ရေးတဲ့သူ အများကြီး ရှိရင်လည်း အကောင်းသား။ တည်ထောင်တဲ့အချိန်ကနေ၊ ယနေ့အထိ မအားတဲ့ကြားကနေ ကျနော် မောင်အောင်ခမ်း တစ်ယောက်တည်း ကသာ  နေ့စဉ်ပုံမှန် ရေး သားလို့ တင်ပစ်လိုက်တာ ၁နှစ်ခွဲ မကတောင် ရှိပါပြီလေ။

တစ်နေ့တစ်နေ့  Page လေး Like တက်ပါ့လား။ င့ါ Post လေးမှ ကြိုက်ပါ့မလား။ စာလုံးပေါင်းများ မှားရသလား။ စာဖတ်သူတို့ ဆိုးကျိုး ပေးသလို ဖြစ်သွားမလားနဲ့ ရင်တထိတ်ထိတ်နဲ့ ရေးလာတာ ပရိတ်သတ် အသင့်တင့် ရှိတဲ့ ပြည်သူ အကျိုးပြု သတင်းအချက် အလက်နဲ့ ဗဟုသုတ စာမျက်နှာလေး ဖြစ်ရပါလေရော။ (ဟုတ်ဟုတ် မဟုတ်ဟုတ်. ကိုယ့်ဟာကို ပြန်မြောက်ခြင်း :P)။ အဲဒီမှာတင် ငါဆွဲတဲ့ လောဘတွေ၊ ပရိဒေဝတွေ ပါလာလေရော။ :D

အင်း လေကြောရှည်မနေတော့ဘူ။ ဒီနှစ်လည်း ထုံးစံ မပျက် တရားစခန်းဝင်မယ်။ ၇ ရက်ကြာမယ်။ ယနေ့ ၁၁ ရက်နေ့ ညကနေ ၁၈ ရက်နေ့အထိ ပါ။ တရား စခန်းကနေ ထွက်ထွက်ချင်း Post တင်ချင်မှ တင်ပါမယ်။ အစိုးရ ရုံးဖွင့်ရက် ချိန်ရောက်ရင်တော့ သတင်း အချက်အလက်၊ ဗဟုသုတ အသစ်များ တက်ဖို့ ကြိမ်းသေ ပါတယ်။ အစိုးရဝန်ထမ်း မဟုတ်ပေ မယ့် ရောချနား ပစ်ချင်သေးလို့ပါ။ :D

စာဖတ်သူတို့ကိုလည်း ပစ်မထားပါဘူး။ ဖတ်ရလည်း ဝါသနာ ပါ၊ ရေးရလည်း ဝါသနာပါ။ ကိုယ်ရေးတာ ဖတ်လိုက်လို့ သူ့အတွက် အကျိုးရှိသွားတာကိုပဲ ပျော်နေတာ။ တကယ်ပြောတာ။ မနောက်ဘူး။  ကိုယ့်ကိုယ်ကို စာရေးဆရာ တစ်ပိုင်း ဖြစ်နေမှန်းတော့ မသိပဲ အွန်လိုင်းမီဒီယာမှာ မီးခိုးထွက် လုနီးနီး လုပ်ခဲ့တယ်ဆိုပါတော့။ အဟဲ။ ၃၆၅ ရက်ကြာတဲ့ တစ်နှစ် တာမှာ ၁၀ ရက်လောက်ကတော့ ဝိပဿနာလေး လုပ်ချင်သေးတယ်။ အခြားအချိန်တွေက သိပ်မပေးနိုင်ဘူးလေ။ ဒီအချိန်လေး ပဲ သေချာကျင့်ကြံရတာ။ (အထင်မကြီးနဲ့. ခုထိ ဝိပဿနာ ကို ခြေဖျားတောင်မသိသေးပါဘူး :D)

စာဖတ်သူတို့လည်း ကောင်းတာလေးတွေလုပ်ပေးနော။ ကောင်းတာဆိုလို့ တရားစခန်းဝင်မှမဟုတ်ဘူးလေ။ ပျော်ရင်လည်း သူတစ်ပါး ထိခိုက်စေမယ့်အပျော်၊ ကိုယ်စိတ်လွတ်ပြီး ကိုယ့်ကိုယ်ကို ထိခိုက် စေမယ့် အပျော်မျိုးတော့ မဖြစ်စေနဲ့။ စာရေးသူ တရားစခန်း ထွက်လာချိန် တို့မြန်မာ သင်္ကြန်ပွဲ ကမ္ဘာက သိအောင် ထူးခြားလှပပြီး အားလုံး ဘေးမသီရန်မခနဲ့ ပြီးဆုံးသွားတယ်လို့ပဲ ကြားချင်တယ်။ (အော် င့ါနှယ် သံယောက်ဇဉ်ကို မပြတ်ပါလား)

ကဲကဲ တော်ပီ။ ဆောရီးနော်။ စာရေးသူက အသက် ၂၁ မပြည့်သေးပေမယ့် ဆရာကြီးလုပ်ချင် စိတ်ကလည်း အားကြီးများ။ (ကြော်ငြာဝင်ခြင်း :P )

လေကြောက ရှည်မိနေပြန်ပြီ။ :D

တာ့တာဗျာ။ နှစ်သစ်နဲ့ နှစ်ဟောင်းက ပြုခဲ့သမျှ အပြစ် အညစ်အကြေး များကို တတ်နိုင်သလောက် လျှော်ဖွတ်လို့ ပြန်ဆုံကြမယ်။ ကျနော်ကတော့ ဖူဂျီပဲ။ (အဲလေ. ကြော်ငြာ again).

--

အောင်ခမ်း (International news for myanmar)

1 comment:

  1. Dear Website Owner,

    We would like to invite you to join our advertisement program - iMyanmarAds (www.imyanmarads.com).

    This is a new opportunity for you to make money from your website.

    iMyanmarAds serves banner advertisements from Myanmar Businesses on many websites.

    For more details, please go to www.imyanmarads.com and sign up for the program. This program can be joined by Invitation only.

    Thank you.

    Best regards,
    iMyanmarAds Team
    www.imyanmarads.com
    A Division of iMyanmar Co., Ltd.
    Tel: 0943139566 (Myanmar Office), 68718945 (Singapore Office)

    ReplyDelete