သတိ -- အစားသာကုန်အောင်စားပါ





ဖန်စီပစ္စည်းဆိုင် တစ်ဆိုင်လာလို့ လူငယ်လေး တစ်ဦး ပစ္စည်းဝယ်ပါတယ်။

"ခေါင်းဖီးလှလှလေး တစ်ခုပေးဗျာ။ ဒီည ကျနော့ကောင်မလေးအိမ်မှာ ဒင်နာ သွားစားမှာဆိုတော့ လက်ဆောင်လေး တစ်ခုပါတော့ မျက်နှာပန်း လှတာပေါ့" လို့ပြောတဲ့အခါ ဆိုင်ရှင် လူကြီးက တစ်ခုထုတ်ရောင်း ပါတယ်။


ဒီလိုနဲ့ ဆိုင်မှပြန်ထွက်ပြီး ခဏအတွင်းပြန်ရောက်လာလို့ ယခုလို ထပ်ဝယ် ပါတယ်။

"ကျနော့ ကောင်မလေးရဲ့  အစ်မက လှတယ်ဗျ။ သူ့အတွက်လည်း ခေါင်းဖီး တစ်ခု လက်ဆောင်တိတ်တိတ်လေးပေးရင် ဘာပဲဖြစ်ဖြစ် နောက်ပိုင်း ဂွင်ဆင်လို့ရတယ်။ နောက်တစ်ခု ထပ်ပေးဗျာ"

ဒါကြောင့် ဆိုင်ရှင်လူကြီးက နောက်တစ်ခု ထပ်ရောင်းလိုက် ပါတယ်။ နောက်တစ်ခါ လှည့်ထွက်သွားပြီး မကြာပါဘူး။ ဆိုင်ကိုပြန် လာပါတယ်။

"ကောင်မလေးရဲ့  အမေလည်း မဆိုးပါဘူး။ သူ့အတွက်လည်း လက်ဆောင် တစ်ခုပေးလိုက်ရင် ဇာတ်လမ်းတွေ ဖြစ်လာနိုင် ပါသေးတယ်။ အသက်ကြီးပေမယ့် မပျက်ဆီးသေးဘူး။ နောက်တစ်ခု ထပ်ပေးဗျာ" လို့ ပြောပြီး ဝယ်တဲ့အခါ ဆိုင်ရှင်က နောက်တစ်ခု ထုတ်ပေး လိုက်ပါတယ်။

ဒီလိုနဲ့ ကောင်လေးဟာ သူ့ချစ်သူ အိမ် ဒင်နာပွဲသို့ ရောက်ရှိ လာပါတယ်။ ချစ်သူနဲ့ ဘေးချင်းယှဉ်ထိုင်လို့၊ ချစ်သူ အစ်မနဲ့ အမေ ကတော့ မျက်နှာချင်းဆိုင်မှာ ထိုင်ပါတယ်။ အဖေဖြစ်သူက လွတ်နေတဲ့ ခုန်မှာ ဝင်ထိုင်ဖို့ လျှောက်လာတဲ့အခါ ကောင်လေးက ဘုရားစာ၊ဂါထာများ တိုးတိုးလေး စတင်ရေရွတ်ပါတော့တယ်။

ဒါကိုကြားတဲ့ သူ့ချစ်သူက ဝမ်းသာအားရတဲ့ နားကိုကပ်ပြီး "မောင် လိမ္မာလှချည်လား။ ဘာသာတရား ကိုင်းရှိုင်းတာ မသိလိုက်ဘူး" လို့ တိုးတိုး လေးချီးကျူးစကား ပြောလိုက်ပါတယ်။ ဒီတော့ ကောင်လေးကလည်း အောက်ပါ အတိုင်း ဖြေပါတယ်။

"အင်း.. ကိုယ်ကလည်း မင်းအဖေကို ဖန်စီပစ္စည်းဆိုင် ပိုင်ရှင်မှန်း မသိလိုက်ဘူးကွာ"

--
Ref: every-jokes
International news for myanmar

--



0 comments: