လိမ်အပြောနိုင်ဆုံး လူသား



စာသင်ခန်းထဲမှာ ကလေးနှစ်ယောက်ငြင်းခုံနေပါတယ်။

ဒါကြောင့် ဆရာမ ရောက်လာပြီး မေးတဲ့ အခါ ကျောင်းသား နှစ်ယောက်က ခုလို ပြန်ဖြေပါတယ်။

"သားတို့ နှစ်ယောက် ပိုက်ဆံ ၅ထောင်တန်ကို တူတူကောက်ရထားပါတယ် ဆရာမ။ အဲဒါ အလိမ်ပြောတတ်ဆုံးလူကို ပိုက်ဆံပေးကြေး ငြင်း ခုံ ပြိုင်နေကြတာပါ"

ဆရာမ  ။      ။  " မင်းတို့ကွယ်။ ပိုက်ဆံငါးထောင်ကို အလကား မလိုချင်စမ်းပါနဲ့။ ဆရာမတောင် ငယ်ငယ်လေးကတည်းက ဒီအရွယ်ထိ ငွေ တစ်ကျပ်တောင် လိမ်မယူခဲ့ဘူး"

ဒီတော့ ကျောင်းသား နှစ်ဦးက ဆရာမကို ငါးထောင်တန်ပေးလိုက်ပါတယ်။
---
Ref: everyjoke
International news for myanmar

--

0 comments: