ဆိုကရေးတီး နှင့် ကောလဟာလ




(၄၆၉-၃၉၉ ဘီစီ ကာလက ဂရိမှာ ထင်ပေါ်ကျော်ကြားတဲ့ အတွေးအခေါ် ပညာရှင်) ဆိုကရေးတီးဆီကို မိတ်ဆွေ တစ်ဦး အပြေး ရောက်လာပြီး ယခုလို စကားဆိုပါတယ်။


မိတ်ဆွေ - ဆရာ... ဆရာ့ကို ဟိုလူ့အကြောင်း ပြောမလို့


ဆိုကရေးတီး - နေအုံး၊ မိတ်ဆွေ အဲ့ဒီ စကားမပြောခင် ကျွန်တော့ မေးခွန်း သုံးခုကို အရင်ဖြေပေးပါလား.

မိတ်ဆွေ - ဟုတ်ကဲ့.


ဆိုကရေးတီး - ခင်ဗျားပြောမဲ့ စကားတွေက အမှန်တရားလား..

မိတ်ဆွေ - အဲဒါတော့ မသိဘူး။ ကျွန်တော်လည်း ကြားတာကို ပြန်ပြောပြမှာမို့ပါ.


ဆိုကရေးတီး- ဒါဆိုရင် ဒုတိယ မေးခွန်းမေးပါရစေ.။ မိတ်ဆွေပြောမယ့် အကြောင်းက ကောင်းသတင်းလား၊ ဆိုးသတင်းလား..။

မိတ်ဆွေ - ဟင့်အင်း။ ဆန့်ကျင်ဘက်ပဲ။


ဆိုကရေးတီး- ဒါဆိုဟုတ်ပြီ..။ နောက်ဆုံးမေးခွန်း မေးပါရစေ။ အဲ့အကြောင်းအရာက ကျွန်တော့အတွက် ဘာအကျိုးကျေးဇူး ရှိမလဲ..။

မိတ်ဆွေ - အဲဒါတော့ သိဘူးလေ။ ကျွန်တော်က ကြားတာလေး ပြောပြချင်တာပါ။


ဆိုကရေးတီး -

"အင်းဟုတ်ပြီ မိတ်ဆွေ......။ မိတ်ဆွေ ပြောမယ့် အကြောင်းအရာ ၊ ပြောပြချင် တဲ့ကိစ္စ၊ သတင်းအချက်အလက်က မှားလားမှန် လား သေချာ မသိ ဘူး၊ ကောင်းသတင်းလည်း မဟုတ်ဘူး၊ ကျွန်တော့အတွက် ဘာအကျိုးကျေးဇူး မှ မရှိဘူးဆိုရင် ပြောမနေပါနဲ့တော့။ ဒီ သုံးချက်မှာ တစ်ခုခုနဲ့ ညှိစွန်းမှန်ကန်နေရင် ကျွန်တော် နားထောင်ပါ့မယ်"

--
Ref: impressquote
International news for myanmar

1 comment:

  1. ဆိုကရေးတီးလေး ယူသွားတယ်နော်။ ကျေးဇူးပါ။ ဆိုကရေးတီး အကြောင့် လင့်လေးတွေရှိရင် ရှယ်ပေးပါဦးးးးးးးးးးးးး

    ReplyDelete