အမေရိကန်ရဲ့  နိုင်ငံကိုယ်စားပြု ပန်းခြံ



Emerald Bay State Park အမည်ရ ဘေးမဲ့ ပန်းခြံ ဖြစ်ပြီး အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ တည်ရှိတာ ဖြစ်ပါတယ်။


Tahoe အမည်ရ ရေကန်ကို ဝန်းရံထားတဲ့ တောတစ်ခု ဖြစ်ပြီး ပတ်ပတ် လည် Bay က ၁.၂ မိုင်ရှည်ပါတယ်။ အလယ်မှာ  Fannette Island အမည်ရ ကျွန်းငယ်လေးလည်း ရှိနေပါသေးတယ်။  National Natural Landmark အဖြစ် ၁၉၆၉ ခုနှစ်ကတည်းက အမေရိကန်အစိုးရတို့ သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။ အခြား နေရာများနဲ့ မတူပဲ တစ်မူထူးခြား လှပနေ ပါတယ်။ ဆောင်းရာသီ ဆိုရင် အပူချိန်က အနုတ် ၇ မှ လေး ဒီဂရီ စင်တီ ဂရိတ် အထိသာ ရှိပြီး ရေကန်က ခဲနေပါတယ်။

အခြားရာသီတွေမှာဆိုရင် နေ့ဘက်မှာ ၂၁ ဒီဂရီ စင်တီဂရိတ် ညဘက်မှာ ၄ ဒီဂရီ စင်တီဂရိတ်အထိ အေးပါတယ်။ ၁၅၃၃ ဧက ကျယ်ဝန်းတဲ့ ယင်း State Park ဘေးမဲ့ဥယျာဉ်သစ်တောမှာ တောရိုင်းတိရစ္ဆာန်များလည်း နေထိုင်ကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

0 comments: