ကမ္ဘာ့အကြီးဆုံး ပင့်ကူနှင့် ပင့်ကူအိမ်




ပတ်လည်အချင်း ၃ ပေ ၃ လက်မ ကျော်လောက်ထိ ကြီးတဲ့ ပင့်ကူမျိုး ဖြစ်ပြီး သူဆောက်တဲ့ ပင့်ကူအိမ်က စတုရန်းပေ ၃၀ လောက်ထိ ရှိတတ်ပါတယ်။


ရှင်သန်ပေါက်ဖွားတဲ့နေရာကတော့ အာဖရိကတိုက် အရှေ့ တောင်းပိုင်း အန္ဒိယ သမုဒ္ဒရာထဲက ကျွန်းနိုင်ငံ မဂါဒတ်စကားမှာ ဖြစ်ပါတယ်။ အင်္ဂလိပ် လူမျိုး သဘာဝပတ်ဝန်းကျင် လေ့လာရေး ပညာရှင် Charles Darwin ဆိုသူက တွေ့ရှိခဲ့လို ယင်း ပင့်ကူကို Darwin's bark spider လို့အမည်ပေးထားပါတယ်။

သုသဘာဝ ဘေးမဲ့ တောတစ်ခုထားရှိထားပြီး Darwin ပင့်ကူများ လွတ်လွတ် လပ်လပ်နေထိုင်ဖို့ ဖန်တီးပေးထားပါတယ်။ ယင်းတောထဲ ဝင်လိုက်ရင် Darwin ပင့်ကူများ ဖန်တီးထားတဲ့ ဧရာမ ပင့်ကူမျှင်အိမ် များကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အရွယ်ကြီသလို ယင်းအများက သန်လည်း သန်မာပါတယ်။ ကြိုးတစ်ချောင်းလိုပဲ သန်သန်မာမာရှိတဲ့ ပင့်ကူအနိမ်များဖြစ်ပါတယ်။ ဧရာမ ဒါဝင် ပင့်ကူကိုလည်း ယခုလို မြင်တွေ့ရတတ်ပါတယ်။

လက်ရှိ မဂါဒက်စကာမှာ ရှင်သန်တဲ့ ယင်းပင့်ကူများဟာ အရေအတွက် နည်းပါးနေပြီ ဖြစ်ကြောင်း သိရပါတယ်။
---
Ref: wiki
International news for myanmar

0 comments: