ဂျပန် မီးပူတိုက် အားကစား ပြိုင်ပွဲ



ဂျပန်မှာတင်မကပဲ ဂျာမနီမှာပါ ကျင်းပနေပြီ ဖြစ်တဲ့ အားကစားနည်း ဖြစ် ပါတယ်။ ဂျပန်မှာ ဆိုရင် နိုင်ငံတကာ ဖိတ်ခေါ် ပြိုင်ပွဲ အနေနဲ့တောင် ကျင်းပ ပါတယ်။

ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ဖူဂျီတောင်ထိပ်မှာ မီးပူးတိုက်ပြတာ မျိုး၊ ရေကြမ်းပြင်အောက်မှာ မီးပူတိုက်ပြတာမျိုး၊ စက်ဘီး စီးရင်း မီးပူး တိုက်ပြတာမျိုးတို့ ဖြစ်ပါတယ်။ ယင်းအားကစားကို Extreme Ironing လို့ အမည်ပေးထားပါတယ်။

Extreme Ironing ကို ငါးမျိုးခွဲထားပါတယ်။ Freestyle, Urban, Rocky, Forest နဲ့ Water ဖြစ်ပြီး စိတ်ကြိုက်ပုံစံ၊ မြို့ တွင်း၊ ကျောက်တောင်၊ သစ်တော၊ ရေအောက် လို့ ခွဲခြားထားခြင်း ဖြစ်ပါတယ်။ သာမန် နေ့စဉ် အသက်ရှင်နေထိုင် ဝတ်စားမှုအတွက် အဝတ်မီးပူတိုက်တာမျိုးနဲ့ လုံးဝမတူ ပါဘူး။ ကျားမီးဆွဲရသလိုပဲ ခက်ခက်ခဲခဲကို မီးပူတိုက် ယူရတာ ဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းများလည်း သတ်မှတ်ထားပြီး ဂျပန်နိုင်ငံမှာ နိုင်ငံတကာ လွန်လွန်ကဲကဲ မီးပူတိုက်ပြိုင်ပွဲ အမည်နဲ့ နှစ်စဉ် ကျင်းပလျက် ရှိကြောင်း သိရပါတယ်။
--
Ref: weirdasia
International news for myanmar

0 comments: