ကမ္ဘာ့အနောက်ခြမ်းက အကြီးဆုံး ကြောင်မျိုး ဟို့မဟုတ် ဂျိုက်ဂွား




ကြောင်မျိုးဝင်တိရစ္ဆာန် Felin ထဲမှာ ကမ္ဘာ့ အကြီးဆုံး ကတော့ ခြင်္သေ့ ဖြစ်ပြီး ဒုတိယကတော့ ကျား ဖြစ်ပါတယ်။ တတိယ အကြီးဆုံးကတော့ Jaguar လို့ခေါ်တဲ့ အမေရိကန် အလယ်ပိုင်း ကျားသစ်တစ်မျိုး ဖြစ်ပါတယ်။ အမေရိက၊ ဥရောပတို့လို ကမ္ဘာ့နောက်ဘက် အခြမ်းမှာ အကြီးဆုံးနဲ့ အားအကောင်းဆုံး ကြောင်မျိုးကတော့ Jaguar ခေါ် ဂျိုက်ဂွား ပဲ ဖြစ်ပါတယ်။


အရွယ်အစား အသွင်အပြင်

အရွယ်အစားကတော့ သာမန်ကျားသစ်မျိုးများထက် ကြီးပါတယ်။ ဦးခေါင်းခွံ နဲ့တင် တော်တော်လေး ကွာပါတယ်။ ဦးခေါင်းထိပ်မှ အမြီးမပါ တစ်ကိုယ်လုံး အရှည်က ၄ ပေမှ ၆ ပေအထိ ရှိတတ်ပါတယ်။ အမ က အထီးများထက် ပိုငယ်ပါတယ်။ အသက် ၃ နှစ်ဆိုရင် အရွယ်ရောက်ပြီလို့ သတ်မှတ် ရပြီ ဖြစ်ပါတယ်။ ယင်းအရွယ်မှာ အလေးချိန်အားဖြင့် ပေါင် ၂၂၀ ကျော်ပါ တယ်။ တစ်နေရာနဲ့ တစ်နေရာမတူပါဘူး။ ဥပမာ ဘရာဇီးမှာဆိုရင် ပေါင် ၃၀၀ လောက် အလေးချိန်စီးတဲ့ ဂျိုက်ဂွား ကျားသစ်များတောင် ရှိပါတယ်။ အငယ်ဆုံးကတော့ ပေါင် ၁၁၀ ပဲ ဖြစ်ပါတယ်။

အရောင်အသွေး

အရောင်ကတော့ ကျားသစ်မျိုးထဲမှာ တော်တော်လေးလှတဲ့ သတ္တဝါမျိုး ဖြစ် ပါတယ်။ ရွှေရောင်ပေါ် အနက်ရောင် ကွက်လို့ အလွယ်တကူ မှတ်သားနိုင်ပြီး အနက်ရောင် တစ်ကိုယ်လုံးဖွေးတဲ့ ရှားရှားပါးပါး များကတော့ ကျားသစ်နက်လို့ အမည်ပေးရပါတယ်။ ရွှေရောင်၊ လိမ္မော်ရောင်၊ အဝါရင့်ရောင်ပေါ်မှာ အနက်ရောင်၊ အညိုရောင် အကွက်ကွက်တွေ့ရှိရင် ဂျိုက်ဂွားဖြစ်ပြီး အမြီးထိပ်ကလည်း မဲနေမှာ ဖြစ်ပါတယ်။

နေထိုင်ကျက်စားမှု

မိုးသစ်တောမှာ အနေများပါတယ်။ သို့ပေမယ့် သဲကန္တာရတို့လို ခြောက်သွေ့ တဲ့ နေရာတွမှာလည်း နေနိုင်ပါတယ်။ ဂူထဲမှာ နေတာထက် သစ်ပင်ပေါ်မှာ ပိုနေတတ်တဲ့ တိရစ္ဆာန်များ ဖြစ်ပါတယ်။

အမဲလိုက်၊ အစာရှာဖွေမှု

တောင်အမေရိက၊ မြောက်အမေရိကမှာ တောပစ်ထွက်ရင်၊ လေ့လာရေးထွက်ရင် သစ်ပင်ကိုရှောင်ကြပါတယ်။ ဘာလို့လဲလို ဂျိုက်ဂွားတွေက သစ်ပင် ကနေ ခုံအုပ်တာ အတော်ကျွမ်းတဲ့ ကျားသစ်မျိုး ဖြစ်ပါတယ်။ လိပ်က အစ ဆင်အဆုံး အကောင်ကြီးကြီးတွေအထိ တိုက်ခိုက် စားသောက်နိုင် သူ ဖြစ်ပါတယ်။ အမဲလိုက်ရင်တောင် တစ်ကောင်တည်း လိုက်ပြီး ရန်သူတွေအဖွဲ့လိုက်ကိုလည်း ရင်ဆိုင်ရဲသူ ဖြစ်ပါတယ်။ ဇွဲလဲ အင်မတန်ကြီး ပါတယ်။ လိပ်တစ်ကောင်ကို အမဲလိုက်ပြီဆို ရင် မြစ်လယ် ထိရောက်အောင်တောင် ရေကူးပြီး လိုက်ဖမ်းပါတယ်။ ရေကူးလည်း အင်မတန်ကျွမ်းတဲ့အတွက် ရေသတ္တဝါများကိုလည်း အလွတ်မပေး သူ ဖြစ်ပါတယ်။ ရတဲ့ သားကောင်ကို ချက်ချင်းမစားပဲ ဘယ်ကောင်မှ မရှိတဲ့နေရာတွေမှာ စားသုံးပါတယ်။

မိသားစု ဘဝ

ဂျိုက်ဂွား ကျားသစ်မ တစ်ကောင်က ရက် ၁၀၀ ကိုယ်ဝန်ဆောင်ပြီး သားပေါက် ၁ ကောင်မှ ၄ ကောင်အထိ မွေးဖွားနိုင်ပါတယ်။ မွေးဖွားပြီး ရက်ပေါင်း ၃၅ ရက်ကြာရင် မိခင်နဲ့အတူ သားပေါက် ဂျိုက်ဂွားလေးများက အမဲလိုက်နိုင်စွမ်း ရှိပါတယ်။ အသက် ၂ နှစ်လောက်ရှိပြီဆိုရင် မိခင်မှ အလိုအလျောက်စွန့်ခွာသွားပါတယ်။ ယင်းကစလို့ မိခင်ကူညီစရာ မလိုတော့ ပဲ ကိုယ်တိုင် အမဲလိုက်နိုင်ပြီမို့ ဖြစ်ပါတယ်။ အရွယ်ရောက်တာ ကတော့ အသက် ၃ နှစ်မှ စတာ ဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ဂျိုက်ဂွားဟာ ပျမ်းမျှ ၁၃-၁၅ နှစ်လောက်ထိ ရှိပါတယ်။ သို့ပေမယ့် တိရစ္ဆာန်ရုံတွေမှာ မွေးတဲ့ ဂျိုက်ဂွားကျတော့ အသက် ၂၂-၂၄ လောက်ထိ ရှိတာကို တွေ့ရပါတယ်။

ဂျိုက်ဂွားနှင့် လူမူဓလေ့ထုံးစံ

ဂျိုက်ဂွားရဲ့  လှပတဲ့ အရောင်အသွေး အသွင်အပြင်ကြောင့် တောင် အမေရိက၊ မြောက်အမေရိက တိုက်က လူများ အမြတ်တနိုးထားပါတယ်။ အရင်ကတော့ အမဲလိုက်သတ်ဖြတ်မှု များပြားခဲ့ပြီး ယခုတော့ တော်တော်လေးကို ထိထိရောက်ရောက် ကာကွယ်ပါတယ်။ Jaguar ကို အမှတ်တံဆိပ်လုပ်လို့ ကုန်စည်အမည် ပေးကြပါတယ်။ ဥပမာ- အင်္ဂလန်မှာဆိုရင် Land Rover ထုတ်တဲ့ ကားတွေမှာ ဂျိုးဂွား တံဆိပ် ပါတတ်ပြီး Jaguar Land Rover လို့အမည်ပေးပါတယ်။

အနာဂတ်ကမ္ဘာနှင့် ဂျိုက်ဂွား

ဂျိုက်ဂွား ကျားအရေအတွက်များ ကျဆင်းသထက် ကျဆင်းလာပါပြီ။ သဘာဝပတ်ဝန်းကျင် ပျက်ဆီးမှုကြောင့်ရော၊ အစာရေစာ ရှားပါး မှုကြောင့်ရော၊ လူတို့ အမဲလိုက်မှုကြောင့်ရော၊ တောပြုန်းတီး မှုကြောင့်ရော ဂျိုက်ဂွားကို တောင်အမေရိကတောမှာ အတွေ့ရနည်းသွားပါပြီ။ တိရစ္ဆာန်ရုံတွေထဲမှာပဲ လက်သပ် မွေးရတဲ့ အခြေအနေ အထိ ရောက် လာပါတယ်။ ဒါကြောင့် ဂျိုက်ဂွားကျားမျိုးများကို ကမ္ဘာ့တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောင့်ရေး အဖွဲ့အနေနဲ့ အဖိုးတန် တိရစ္ဆာန်တစ်မျိုး အဖြစ် သတ်မှတ်ထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

1 comment:

  1. yoh mr writer. u ain't qualify to write about big cats. The biggest big cat in the world is tiger. not lion. go study first b4 u write.

    ReplyDelete