လူတွေ မပြောင်းလဲတတ်၊ ဗီဇသာ ဖြစ်



တစ်ခါ တစ်လေ မိမိ ပေါင်းသင်း ဆက်ဆံ နေရတဲ့ လူတွေဟာ ပြောင်းလဲ သွားတယ်။ ပြောင်းလဲ သွားတယ် အစရှိသဖြင့် ပြောဆိုလေ့ ရှိကြ ပါတယ်။ အမှန်တော့ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ အပေါ်ယံ အရည်ခွံ၊ မျက်နှာဖုံး ချွတ်ခြင်းသာ ဖြစ်ပါတယ်။


တစ်နည်း ပြောရရင် ဗီဇ ဓာတ်ခံက တက်ကြွ ပြုမူလာခြင်း ဖြစ်ပါတယ်။ လူတွေမှာ ဘဝ အထက်ထက်က ဖြည့်ကျင့်လာတဲ့ ပါရမီ ရှိသလို၊ ဗီဇလည်း ရှိပါတယ်။ အဆဲကြမ်းတဲ့ လူတစ်ယောက်က အချိန် ဘယ်လောက် ကြာကြာ ယင်း အကျင့်က ပြန်ပေါ်လာတတ် ပါတယ်။ အမှန် အမြဲ လုပ်နေပေမယ့် မှားယွင်းတဲ့ အကျင့် တစ်ခုကိုလည်း ပြန်လည် ပြုမူ တတ် ပါတယ်။ အကယ်ကို ဒါကို သိရှိပြီး မထိန်းချုပ် သတိ မယှဉ်တတ်သေး သရွေ့ ကတော့ မကောင်း ဗီဇ များက အမြဲ ပေါ်ထွက်လာနေမှာ ဖြစ်ပါတယု။

ဒါကြောင့်မို့ ဗီဇ ဓာတ်ခံ ပြုမူ တုန့်ပြန်တတ်တယ် ဆိုတာကို သိရှိ ထားလို့ လူ့ဘောင် လောကမှ အများဆုံး နားလည်နိုင်ကြစေဖို့ ရေးသား အသိပေး မျှဝေ လိုက်ရ ပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: