လင်းနို့လူသား ရုပ်ရှင်ဇာတ်ကားသစ်မှ မင်းသား Ben Affleck



ခရစ်စတင်းဘေလ် နေရာကို အစားထိုးမယ့်  လင်းနို့လူသား ဇာတ်ကောင် သစ် Ben Affleck ကို ယခုလို မြင်တွေ့ ရပါတယ်။ အရင် စီးရီးက လင်းနို့လူသား အဝတ် မဟုတ်တော့ပဲ ပုံစံ အသစ် ပြောင်းထားတဲ့ Suit ကို ယခုလို မြင်တွေ့ ရပါတယ်။


ဒါ့အပြင် Batmobile လို့ခေါ်တဲ့ လင်းနို့လူသား စီးတဲ့ ကားက လည်း ပြောင်း သွား ပါတယ်။ ဟိုး အရင့်အရင်က ထွက်ရှိခဲ့တဲ့ လင်းနို့လူသား ရုပ်ရှင်က ကားတွေကိုပ ပြန်လည် အမှီပြု ဒီဇိုင်းပြောင်းထားခြင်း ဖြစ်ပါတယ်။ ဒီတော့ The Dark Knight စီးရီးဖြစ်ပေမယ့် အရင်စီးရီးက ဇာတ်ကောင်နဲ့ အသုံး အဆောင်တွေ မဟုတ် တော့ ပါဘူး။ ၁၉၈၆ လောက်က ထွက်ရှိထား တဲ့ The Dark Knight Return အမည်ရ စာအုပ်ကိုပဲ ပြန်လည် အခြေခံ ရိုက်ကူးထားခြင်း ဖြစ်ပါတယ်။

ဒီရုပ်ရှင်မှာ ထူးခြားချက်က လင်းနို့လူသားနဲ့ စူပါမင်း တို့ ပေါင်းစပ် ပါဝင်ခြင်း ဖြစ်ပါတယ်။ စူပါမင်းနဲ့ လင်းနို့လူသား အတူပါဝင်တဲ့ ပထမဆုံး ရုပ်ရှင် ဖြစ်လာမှာ ဖြစ်ပါတယ်။ Man of Steel က ဒါရိုက်တာနဲ့ စူပါမင်း ဇာတ်ကောင် တွေပဲ ပြန်လည် ပါဝင်ထားခြင်း ဖြစ်ပါတယ်။ ယခု ရိုက်ကူး နေဆဲ ရှိပြီး ၂၀၁၅ ခုနှစ် ရောက်မှ ရုံတင်မယ့် ရုပ်ရှင် ဇာတ်ကား ကြီး ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: