ပျော်ရွှင်မှု ရှာဖွေနည်း


စိတ် ထိခိုက် ဒဏ်ရာ ရရှိထားသူများ၊ ဝေဒနာသည် များကို စုစည်းလို့ စိတ်ပညာ ဆရာဝန် တစ်ဦးက ဟောပြောပို့ချ နေပါတယ်။ ဒီလိုနဲ့ ဟောပြော ပို့ချနေစဉ် အတွင်း နားထောင်နေသူ အယောက် ၅၀၀ ကို ပူပေါင်း တစ်လုံးချင်းစီ လိုက်ပေးပြီး မိမိ အမည်တွေ ကို ပူပေါင်းပေါ် ရေးစေ ပါတယ်။

ပူပေါင်းပေါ် ရေးပြီး ရလာတဲ့ ပူပေါင်းများကို ပြန်စုစ၀ည်းလို့ အခြား အခန်းကျယ် တစ်ခုမှာ ပစ်ထားလိုက်ပါတယ်။ ပြီးတော့ ယင်း လူဦးရေ အယောက် ၅၀၀ ကို မိမိ အမည် မိမိ ရေးထားတဲ့ ပူပေါင်းများကို ရှာဖွေ စေပါတယ်။ သို့ပေမယ့် မတွေ့ကြ ပါဘူး။ တစ်ယောက်နဲ့ တစ်ယောက် တိုးတိုးကြိတ်ကြိတ်နဲ့ မိမိတို့ အမည်ပါတဲ့ ပူပေါင်းကို မတွေ့ရ ပါဘူး။ ဒါနဲ့ ဟောပြော ပို့ချသူ ဆရာဝန်ဟာ နည်းလမ်း ပေးလိုက် ပါတယ်။ မိမိတို့ တွေ့ရှိတဲ့ ပူပေါင်း အသီးသီးက ပိုင်ရှင် အမည်ကို အော်လို့ ရှာဖွေ ခြင်းဖြင့် တွေ့လွယ်ကြောင်း ဆိုတာကြောင့် ပြုလုပ်ကြရာ ကနေ အားလုံး ကိုယ့်ပူပေါင်းကိုယ် ပြန်ရကုန်ကြ ပါတယ်။

ဆရာဝန် ပေးလိုက်တဲ့ သင်ခန်းစာ ကတော့ -

လက်တွေ့ နေ့စဉ်ဘဝက လူသားတွေဟာလည်း ဒီလိုပါပဲ။ မိမိ ပျော်ရွှင် မှုအ တွက် ကို ရှာဖွေတဲ့ အခါ မိမိ အတွက်သာ တစ်ကိုယ်ကောင်း ဆန်ဆန် ရှာဖွေ ကြ ပါတယ်။ နောက်ဆုံးတော့လည်း မတွေ့ရှိ ပါဘူး။ အမှန်တကယ် နည်းလမ်းက သူတစ်ပါး ပျော်ရွှင်မှုကို ယူဆောင် ဖန်တီးပေးခြင်းဖြင့် မိမိ အတွက် ပျော်ရွှင်မှု ဆိုတာ ကလည်း အလိုအလျောက် ဖြစ်တည် လာမှာ ဖြစ်ပါတယ်။ ဒီတော့ တစ်ကိုယ်ကောင်း ဆန်ခြင်း မရှိ မိမိ ပတ်ဝန်းကျင် ကို ပျော်စရာ ဖန်တီးပေးလို့ ပျော်ရွှင်မှု အစစ်အမှန် ရှာဖွေ တွေရှိအောင် ဆုမွန်ကောင်း တောင်းလိုက် ရပါတယ်။
.
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: