ဒူဘိုင်းက Lamborghini ရဲကား



ယူအေအီး နိုင်ငံ ဒူဘိုင်းမြို့မှာ ကမ္ဘာ့ ဈေးအကြီးဆုံး ကားများကို ရဲကား အဖြစ် အသုံးပြု ပါတယ်။

 မြို့မှာ နေထိုင်သူများရဲ့ စည်းမဲ့ ကမ်းမဲ့ ပြိုင်ကား မောင်းနှင်မှုများကို လိုက်လံ ဖမ်းဆီးရန် ရည်ရွယ်ချက် အပြင်၊ ကမ္ဘာလှည့်ခရီးသည်များကို စွဲဆောင်ဖို့ ရည်ရွယ်ချက်လည်း ပါဝင် ပါတယ်။
အီတလီ Lamborghini က ထုတ်တဲ့ ကမ္ဘာ့ ဈေးအကြီးဆုံးကားများထဲက Aventador ကို မှာယူ အသုံးပြုပြီး တန်ကြေးက ဗြိတိန်ပေါင် ၃၆၀၀၀၀ ကျော် ပါတယ်။ ဒါ့အပြင် Porsche, Mercedes-Benz, Ferrari တို့မှ ပြိုင်ကား များကိုလည်း အသုံးပြု ပါတယ်။ အစီးရေ အားဖြင့် Lamborghini မှာတင် ရာဂဏန်း ရှိပြီး Ferrari လည်း များ ပါတယ်။

ဒါကြောင့်မို့လို့ ယူအေအီး နိုင်ငံဟာ ကမ္ဘာ့ ဈေးအကြီးဆုံး ရဲကားများ စုစည်း တည်ရှိနေတဲ့ နိုင်ငံအဖြစ်လည်း စံချိန်တင်ခဲ့ ပါတယ်။
.
Ref: dyknow
Aung Kham (www.innewsmyanmar.com)

.

0 comments: