BMW Logo ဖြစ်လာပုံ



ဂျာမနီ နိုင်ငံ အခြေဆိုက် BMW ဟာ ၁၉၁၆ ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တဲ့ ကုမ္မဏီ ဖြစ်ပြီး ယနေ့ ကမ္ဘာ့အကြီးဆုံး မော်တော်ယာဉ် ထုတ်လုပ်ရေး ကုမ္မဏီတစ်ခုလည်း ဖြစ်လာပါတယ်။


သူက ကား နဲ့ မော်တော်ဆိုင်ကယ် အပြင်၊ အင်ဂျင်အမျိုးမျိုးလည်း ထုတ်လုပ် ပါတယ်။ အဲ့ဒီထဲမှာ လေယာဉ် အင်ဂျင်လည်း ပါဝင် ပါတယ်။ ဒုတိယ ကမ္ဘာစစ် ကာလက ဂျာမနီ လေတပ် အသုံးပြုတဲ့ တိုက်လေယာဉ် များအတွက် အင်ဂျင်များ ထုတ်လုပ် ပေးခဲ့ရပြီး ယနေ့  လိုဂိုက ယင်း လေတပ် က အင်ဂျင်ကို အခြေခံ ကိုယ်စား ပြုပါတယ်။

ကောင်းကင်မှာ ပြန်သန်းရန် အရှေ့ခေါင်းမှာ လည်နေတဲ့ အင်ဂျင် ပန်ကာ ကို ကိုယ်စားပြုထားခြင်း ဖြစ်ပြီး  အပြာရောင်ကို ကောင်းကင်ကို ရည်ညွန်းခြင်း ဖြစ်ပါတယ်။ BMW လိုဂိုဟာ ကမ္ဘာ့ တန်ဖိုး အရှိဆုံး အမှတ် တံဆိပ် စာရင်းထဲမှာ ပါဝင် နေပါတယ်။
.
Ref: designpanel

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: