ဂူးဂဲလ်မျက်မှန်နဲ့ မြန်မာပြည်မှာ မှတ်တမ်းတင်ခဲ့



အမေရိကန်က ဗီဒီယို၊ ရုပ်ရှင် ဒါရိုက်တာ ဖြစ်သူ Josh Kim ဟာ မြန်မာပြည် ကို ရောက်ရှိပြီး ဂူးဂဲလ် မျက်မှန် (Google Glass) နဲ့ documentary video ရိုက်ကူးခဲ့ ပါတယ်။


ဂူးဂဲလ် မျက်မှန်ကို ရန်ကုန်က အခြေခံ လုပ်သား ပြည်သူ အချို့ကို တပ်ဆင် စေပြီး ရိုက်ကူးခဲ့ခြင်း ဖြစ်ပါတယ်။ ကြံရည် စက် သည် နဲ့ အများ သုံး တယ်လီဖုန်း ဝန်ထမ်း အပြင် အခြားသော လူအနည်းငယ် မှာ တပ်ဆင်ပြီး မှတ်တမ်း တင်စေ ခဲ့ ပါတယ်။ ဒီတော့ မြန်မာပြည်ကို Google Glass ရောက်ရှိခဲ့ပြီးပြီလို့ ဆိုနိုင် ပါတယ်။

ကာလ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၀၀ ဝန်းကျင် ရှိတဲ့ စမတ် မျက်မှန် ဖြစ်ပါတယ်။ ယင်း မျက်မှန်နဲ့ မြန်မာပြည်တွင်း မှတ်တမ်း တင်မှု သတင်းကို Wall Street ရဲ့ အောက်ပါ Link မှာ ဝင်ရောက် ဖတ်ရှု နိုင်ပါ တယ်။

http://blogs.wsj.com/searealtime/2014/03/12/google-glass-sets-its-sights-on-myanmar/

အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: