DreamWorks ထဲက ကလေးငယ်ပုံကို ကလေးတစ်ဦးဆွဲခဲ့



DreamWorks စတူဒီယိုက ဖြန့်ချိတဲ့ ရုပ်ရှင်တွေရဲ့ အစမှာ ပေါ်လာတဲ့ Animation ကို သိကြမယ် ထင်ပါတယ်။ လက်တလော ရုံတင်နေတဲ့ Need For Speed ရုပ်ရှင်ကိုလည်း DreamWorks ကပဲ ထုတ်လုပ် ထားတာ ဖြစ်ပါ တယ်။


အဲ့ဒီ အစပိုင်းမှာလာတဲ့ လခြမ်းပေါ်က ငါးမြားနေတဲ့ ကောင်လေးပုံကို အမေရိကန်က ကမ္ဘာကျော် ရုပ်ပုံဆွဲ ပန်းချီဆရာ Robert Hunt က ရေးဆွဲ ခဲ့တယ်လို့ပဲ လူသိများခဲ့ ကြပါတယ်။ အမှန်တော့ ယင်း လိုဂိုက လခြမ်းပေါ် ငါးမြားနေတဲ့ ရှုခင်းကို သူ့သား ဖြစ်သူ ဝီလီယျံက ရေးဆွဲခဲ့ခြင်း ဖြစ်ပါတယ်။ အဖေ့သွား ပါတဲ့ သူ့သားဟာလည်း အိုင်ဒီယာ အသစ်အဆန်းများ ရှိပြီး ငါးမြားနေ တဲ့ ပုံကို အဖေက သုံးလို့ DreamWork ကို ရောင်းချတဲ့ အခါ အောင်မြင် သွား ပါတယ်။ နောက်တော့မှ လိုဂိုနောက်ကွယ်မှာ သူ့သား ရဲ့ အားဆိုက်ထုတ်မှု ပါဝင်ကြောင်း ကြေညာခဲ့ ပါတယ်။

ယနေ့တိုင်လည်း သူတို့ သားအဖဟာ အမေရိကန်မှာ အောင်မြင်တဲ့ လိုဂို၊ ရုပ်ပုံဆွဲ ပန်းချီဆရာများ ဖြစ်နေကြောင်း သိရ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: