ကမ္ဘာ့ ဈေးအကြီးဆုံး ရုပ်ရှင်ဇာဝင်ခန်း ဝတ်စုံ


ပုံမှာ မြင်တွေ့နေရတဲ့ ဗြိတိနိုင်ငံက ရုပ်ရှင်မင်းသမီး Audrey Hepburn ဝတ်ဆင် ထားတဲ့ ဂါဝန်ဟာ ကမ္ဘာ့ ဈေးအကြီးဆုံး ရုပ်ရှင် ဇာတ်ဝင်ခန်း ဝတ်ဆုံ အဖြစ် စံချိန်တင်စေ ခဲ့ ပါတယ်။


၁၉၆၁ ခုနှစ်က ထွက်ရှိတဲ့ Breakfast at Tiffany's အမည်ရ ဟောလိဝုဒ် ရုပ်ရှင်မှာ Andrey ဝတ်ဆင် ခဲ့တဲ့ ဂါဝန် အနက်ရောင် ဖြစ်ပါတယ်။ ဟာသ အချစ် ဇာတ်လမ်း ဖြစ်ပြီး ရုပ်ရှင် ဟာ ငွေရေး ကြေးရေး အရ သိပ် အောင်မြင်မှု မရှိခဲ့ ပါဘူး။ သို့ပေမယ့် အမေရိကန် ကွန်ဂရက်က အသိအမှတ်ပြု မှတ်တမ်း တင်ပေး လိုက်တဲ့ သမိုင်း၊ ယာဉ်ကျေးမှု ဖော်ဆောင် ရုပ်ရှင် တစ်ကား ဖြစ်ခဲ့ ပါတယ်။

မင်းသမီး Audrey ရဲ့ ဂါဝန်ကို ပြင်သစ် လူမျိုး စာရေး ဆရာ Dominique Lapierre ပိုင်ဆိုင်ခဲ့ပြီး ၂၀၀၆ ခုနှစ် ဒီဇင်ဘာလမှာ ရောင်းချ ခဲ့ ပါတယ်။ ဈေးနှုန်းအားဖြင့် အမေရိကန်ဒေါ်လာ ၉၂၄ ၃၂၇ နဲ့ အရောင်း ဖြစ်ခဲ့ တာကြောင့် ကမ္ဘာ့ ဈေးအကြီးဆုံး ရုပ်ရှင်ဇာတ်ဝင်ခန်းပါ အဝတ် အဖြစ် ကမ္ဘာ့ မှတ်တမ်း တင်ခဲ့ ပါတယ်။
.
 Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: