နိုင်ငံတကာ Network Engineer ကောင်းများ မွေးထုတ်ပေးမည့် RHC



စင်္ကာပူနိုင်ငံမှာ ဖွင့်လှစ် သင်ကြားပြီး အောင်မြင်လျက် ရှိသော မြန်မာ Network Training Center တစ်ခုအကြောင်းပါ။

RHC Technologies  ကို မိတ်ဆက်ပေးချင်ပါတယ်။

Singapore နိုင်ငံမှာ Professional Networker သမားတစ်ယောက် အဖြစ် အာမခံချက်ရှိရှိ အလုပ်အကိုင်ရရှိစေရန်၊ ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချနိုင်သော Real Network Engineer သမား တစ်ယောက်အဖြစ် ခိုင်မာသည့် အလုပ်အကိုင်ရရှိစေရန် စာတွေ့လက်တွေ လမ်းညွန် သင်ကြားပေးနေသော RHC Technologies ဖြစ်ပါတယ်။

Network သမား တစ်ယောက်အဖြစ် အမှန်တကယ် ရပ်တည်နိုင်ရန် စာတွေ့ လက်တွေ့ သင်ကြားပေးနေရုံသာမက အလုပ်အကိုင် ရရှိစေရေးအတွက်ပါ အာမခံချက်ဖြင့် လမ်းညွန်ပြသပေးလျှက် ရှိပါတယ်။

RHC ကို Singpore မှာ လက်ရှိ Fulltime Senior Network Engineer အဖြစ် လုပ်ငန်းခွင်ဝင် လုပ်ကိုင်လျှက်ရှိတဲ့ မြန်မာနိုင်ငံသား Professional များမှ စတင် စုစည်း တင်ထောင်ခဲ့ခြင်း ဖြစ်ပြီး ယခု ဆိုရင် အခြားနိုင်ငံသား Instructor များလည်း ပါဝင်လာကာ Facility အစုံအလင်ဖြင့် သင်ကြား ပြသပေးလျှက် ရှိပါတယ်။ Training Class များကို Weekend ရက်များတွင် English-Myanmar နှစ်ဘာသာဖြင့် သင်ကြားပေးလျှက်ရှိသည့် အပြင် RHC တွင် မြန်မာနိုင်ငံသားများသာမက နိုင်ငံရပ်ခြား Networker များလည်း တက်ရောက်လျှက်ရှိပါတယ်။

RHC တွင် Lectures နှင့် Lab များသည် ADDIE Model ( Analyze, Design, Develop, Implement, Evaluate) ကဲ့သို့သော Teaching Instructional System Design များအပေါ် အခြေခံကာ အရှင်းလင်းဆုံးနဲ့ နားလည်ရ အလွယ်ကူဆုံးဖြစ်အောင် သင်ကြားပေးလျှက် ရှိပါတယ်။ Lecture နဲ့ Lab များအပြင် အလုပ်အကိုင် ရရှိစေရန်အတွက် လိုအပ်သည့် ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် လမ်းညွှန်ပေးခြင်း၊ Interview များအတွက် ပြင်ဆင်ပေးခြင်းများဖြင့် ပြည့်စုံစွာ Guideline ပေးသင်ကြားပြသလျှက် ရှိပါတယ်။

အဆိုပါ Training တက်နေစဉ်နဲ့ ပြီးဆုံးသွားချိန်များတွင် လစာ တိုးမြင့်ရသွားကြသူများ၊ ၀င်ငွေ ခိုင်မာသော အလုပ်အကိုင် ရရှိသွားသူများဖြင့် RHC Technologies ဟာ Singpore ရှိ Networking Training Center များထဲမှာ စတင် နာမည် ရရှိလာခဲ့သော မြန်မာနိုင်ငံသား Networker များရဲ့ Training Center တစ်ခု ဖြစ်ပါတယ်။

https://www.facebook.com/RhcTechnologies Page မှာ Achievement များကို ဝင်ရောက်လေ့လာနိုင်ပါတယ်။

Network သမားအဖြစ် အစအဆုံး Train လုပ်ပြီး Career တည်ဆောက်လိုသူများအနေနဲ့ RHC တွင် စုံစမ်းလေ့လာ တက်ရောက်နိုင်ကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

https://www.facebook.com/RhcTechnologies

.

0 comments: