ကျနော် အင်ဂျင်နီယာ တစ်ယောက်ပါ


စာကြည့်တိုက်ထဲတစ်ခုထဲမှာ ဖြစ်ပါတယ်။

အမျိုးသား လူငယ် တစ်ဦးက စာဖတ်နေတဲ့ အမျိုးသမီးတစ်ဦးကို ယခုလို တိုးတိုးလေး စကားဆိုပါတယ်။

"ဘေးက လွတ်နေတဲ့ အမ ဘေးက ဝင်ထိုင်ပါရစေ"


ဒီတော့ အမျိုးသမီးက အသံကျယ်လှောင်စွာနဲ့ " ဘာ... ရှင်နဲ့ တစ်ညအိပ်ရမယ်...... မိုက်ရိုင်းလှချည်လား."  လို့ စကားဆိုလိုက်တဲ့အခါ စာကြည့်တိုက်တွင်းက လူတွေ ဝိုင်းကြည့်ကြပါတော့တယ်။

ဒါကြောင့် လူငယ်လေး ရှက်ရှက်နဲ့ပဲ အခြားတစ်နေရာကို ရှာလို့ ထိုင်လိုက်ရ ပါတော့တယ်။

လူငယ်လေး တစ်ယောက်တည်းစာထိုင်ဖတ်နေတုန်း အစောက အမျိုးသမီး ငယ်လေး လာလို့ ခနဲ့သော အပြုံးနဲ့ ယခုလို တိုးတိုးလေး ကပ်ပြောပါတယ်။

"စိတ်မရှိပါနဲ့ရှင်။ ကျမက စိတ်ပညာသင်နေတာပါ။ ယောင်္ကျားတွေရဲ့  အတွင်းစိတ်ကျကျကို သိတယ်လို့ ယူဆမိလို့ပါ"

ဒီတော့ လူငယ်က ကျယ်လောင်စွာနဲ့ပဲ

"ဘာ.တစ်ညအတွက် ဒေါ်လာ ၁ ထောင်.. ဟုတ်လား... များလှချည်လား"

လို့ စကားဆိုလိုက်ပါတယ်။

ကောင်မလေးရှက်သွားပြီး ယခုလို ကောင်လေးက တိုးတိုးလေး ပြန်ပြော လိုက်တဲ့ စကားကတော့

"နောက် အဲ့လိုမဖြစ်စေနဲ့။ ကျနော် အင်ဂျင်နေယာ တစ်ယောက်ပါ"
--
Ref: lolfacts
International news for myanmar

.

0 comments: