ကသိကအောက်ဆန်သော မေးခွန်းနှင့် ဘုကလန့်အဖြေ
၁။ ရုပ်ရှင်ရုံတွင် -
အတန်းစီနေချိန် "သယ်ရင်း. မင်းဘာလုပ်နေလဲ" ဟု အမေးခံရသောအခါ အကောင်းဆုံးအဖြေ - "အေး လက်မှတ် တစ်စောင်နဲ့ သိန်းတစ်ထောင် အလကား ပေးတယ်ဆိုလို့ တန်းစီနေတာလေ"
၂။ ဘတ်စ်ကားပေါ်တွင် -
အမျိုးသမီးတစ်ဦးက ဒေါက်ဖိနပ်ချွန်ဖြင့် တက်နင်းပြီး "ဆောရီးနော်. နာသွားလာဟင်" ဟု မေးသော အခါ အကောင်းဆုံး အဖြေ - " ဟင့်အင်း. ခြေထောက်က သံနဲ့ လုပ်ထားတာ။ မာနေတာပဲ။ နောက်တစ်ခေါက် ထပ်နင်းပါအုံး"
၃။ ည သန်းခေါင် အိပ်ကောင်းနေချိန်တွင် -
သူငယ်ချင်း တစ်ယောက်က ဖုန်းဆက်ပြီး "ဆောရီး..။ အိပ်ပျော်နေတာလား" ဟု မေးသောအခါ အကောင်းဆုံး အဖြေ "ဟင့်အင်း ငါးလေးတွေ ဘယ်အချိန်အိပ်တတ်လည်း သိချင်လို့ Research လုပ်နေတာ"
၎။ ဆံပင် အတိုညပ် ထားသော အခါ -
သူငယ်ချင်းက " သယ်ရင်း မင်းဆံပင်ညှပ်ထားတာလား" ဟု လာမေးလျှင် အကောင်းဆုံး အဖြေ " ဟင့်အင်း၊ ဆံပင်တွေ နွေဦးရောက်လို့ သူ့ပါသူ ကြွေကုန်တာ"
၅။ အိမ်ကြိုးဖုန်းတွင် -
သူငယ်ချင်းက "သယ်ရင်း မင်းဘယ်တွေရောက်နေလဲ" ဟု မေးသော အခါ အကောင်းဆုံး အဖြေက "အေး၊ ငါ့အိမ်ဖုန်းကို လည်ပင်းမှာဆွဲပြီး စူပါမားကတ် လျှောက်သွားနေတယ်"
၆။ ကားရေဆေးနေသော အခါ -
အိမ်နီးချင်းမိတ်ဆွေက "မိတ်ဆွေ ကားရေဆေးနေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ - "ဟင့်အင်း ကားကို ရေလောင်းပေးတော့ အရွယ်များ ပိုကြီးလာမလားလို့ပါ
၇။ အိမ်တွင် တီဗီ ကြည့်နေစဉ် -
သူငယ်ချင်းက ရောက်လာပြီး "မင်း တီဗီကြည့်နေတာလား" ဟုမေးသော အခါ အကောင်းဆုံး အဖြေ "ဟင့်အင်း တီဗီထဲကနေ လူတွေ အပြင်ထွက်လာ မလားလို့ စောင့်ကြည့်နေတာ"
အစရှိသဖြင့် မဆီလျော်သော မေးခွန်းနှင့် မဆီလျော်သော အဖြေများစွာ ...
Ref: everjokes
International news for myanmar
.
တမင်ရွဲပြောတတ်အောင် မှတ်ထားအုန်းမှ
ReplyDelete