ကြောင်ဘိုးဘိုး ခေါ် Pallas's cat



ပုံမှာမြင်တွေ့နေရတဲ့ ကြောင်မျိုးက နေရာတိုင်းမှာတော့ ရှိမှာမဟုတ်ပါဘူး။ ကမ္ဘာ့အရှားပါးဆုံး ကြောင် တစ်မျိုးလည်း ဖြစ်ပါတယ်။

အာရှအလယ်ပိုင်းဒေသမှာပဲ ရှင်သန်ပေါက်ဖွားပါတယ်။ အရွယ်အားဖြင့် ၁ ပေခွဲကနေ ၂ ပေခွဲကြား ကြီးတယ်ဆိုတော့ သာမန် အိမ်မွေးကြောင် အရွယ်ပါပဲ။ အမြီး ၁၂ လက်မ အထိ ရှည်နိုင်ပါတယ်။ သက်တမ်းအားဖြင့် ၁၁ နှစ်အထိ နေနိုင်ပါတယ်။

ရုရှား၊ မွန်ဂိုလီယား၊ တရုတ်ပြည်အနောက်ဘက်ပိုင်း၊ တိဗက်၊ ပါကစ္စတန်၊ အိန္ဒိယ ဟိမဝန္ဒာ၊ အီရန် တို့လို နိုင်ငံမှာ တွေ့ရပြီး အပြင်မှာ တကယ်လှ တဲ့ ကြောင်မျိုးပါ။ သူ့ရဲ့  အင်မတန် လှပတဲ့ အမွေးအမျှင်ကြောင့် မုဆိုးကြိုက် သားကောင်လည်း ဖြစ်ရပါတယ်။ ယင်းအမွေးနဲ့ အရေခွံကို ဈေးကြီး ပေး ရောင်းဝယ်ဖောက်ကားတေ့ အရေအတွက် တွေ တစ်ဖြည်းဖြည်း လျော့နည်းလာစေပါတယ်။

သူက တော်ရိုင်းကြောင်မျိုးပါ။ တော်ရုံ ဘယ်သူမှ အိမ်မမွေးပါဘူး။ အလေးချိန်အားဖြင့် ၅ပေင်ခွဲနဲ့ ၁၀ ပေါင်ကြားလေးပြီး ခပ်နှေးနှေးနဲ့ အမဲ လိုက်တတ်တဲ့ ကြောင်များလည်း ဖြစ်ပါတယ်။ ခြေထောက်တို၊ ခေါင်းတို အမွေးထူ ကြောင်မျိုး ဖြစ်ပါတယ်။

သူ့ကို ယနေ့မှာ မျိုးသုန်းတော့မယ့် တိရစ္ဆာန်တစ်မျိုးအဖြစ် စာရင်းသွင်း ထားကြောင်း သိရပါတယ်။
--
Ref:wiki
International news for myanmar

-

0 comments: