ယောင်္ကျားဖြစ် အမျိုးသမီးတို့ အကြောင်း



အလုပ်ရုံ ဆွေးနွေးပွဲ တစ်ခုမှာပေါ့။ အမျိုးသမီးတွေချည်းကို သီးသန့်စုရုံးပြီး တည်မြဲတဲ့ အိမ်ထောင်ဘဝတစ်ခု တည်ဆောက်ခြင်းဆိုတဲ့ အကြောင်း အရာကို ဟောပြောပို့ချနေချိန်မှာ ဖြစ်ပါတယ်။

ဟောပြောနေသူက ကိုယ့်အမျိုးသားကို အမှန်တကယ်ချစ်တဲ့သူ ဘယ် နှစ်ယောက် ရှိလည်းလို့ အမျိုးသမီးတွေကိုမေးပါတယ်။

ဒီတော့ အမျိုးသမီးအားလုံး လက်ထောင် ပါတယ်။

နောက်တစ်ခါကျတော့ ကိုယ့်အမျိုးသားကို ဘယ်ဘယ်နေ့က ချစ်တယ်လို့ နောက်ဆုံး ပြောခဲ့လဲလို့ ထပ်မေးပါတယ်။

ဒီတော့ အချို့ က ဒီနေ၊ အချို့ က မနေ့၊ အချို့ က များလွန်းလို့ မှတ်တောင် မမှတ်မိဘူးလို့ ဖြေပါတယ်။

ဒီတော့ ဟောပြောနေသူ အမျိုသမီးကြီးက ကိုယ့်ယောင်္ကျားတွေဆီကို I love you, sweetheart ဆိုတဲ့ စာတစ်စောင် ပို့ခိုင်းပါတယ်။

ယင်းနောက် ဖုန်းတွေအပြန်အလှန်လှဲပြီး Text message (ပြန်စာ) ကို ဖတ်ခိုင်းပါတယ်။

အချို့ ပြန်စာများကတော့

"ကလေးအမေရေ၊ မင်းဖျားနေတာလား"

"ဘာလဲ။ ကားတိုက်မှု ဖြစ်ပြန်ပြီလား"

"နင်အခု ဘာတွေပြောနေတာလဲ။ ငါနားမလည်ဘူး"

"???????"

"ဒီစကားချည်းလာပြောမနေနဲ့၊ ငွေဘယ်လောက်လိုလို့လဲ"

"ကိုယ် အိပ်မက်ထဲ ရောက်နေတယ် ထင်တယ်"

"ဒီ Message က ဘယ်သူ့အတွက်လည်းဆိုတာ ငါသေချာမသိရင် နင်ဒီနေ့ သေဖို့ ပြင်ထား"

"အရက်မသောက်ပါနဲ့လို့ အတန်တန် တားထားရဲ့ သားနဲ့"

အဲဒီထဲမှာ အကောင်းဆုံး ပြန်စာကတော့ ----

--

"မင်း ဘယ်သူလဲ"

--
Ref: everyjoke

International news for myanmar
-

0 comments: