လေဆင်နှာမောင်း မဟုတ်သော မီးဆင်နှာမောင်း



လေဆင်နှာမောင်းတော့ လူတိုင်းသိပေမယ့် မီးဆင်နှာမောင်းတော့ သိသူ နည်းပါတယ်။ တကယ်ရှိပါတယ်။ သူ့ကို အင်္ဂလိပ်လို - Fire whirl / Fire devil / Fire tornado လို့လည်း ခေါ်ပါတယ်။


ရိုးရိုး လေဆင်နှာမောင်းဖြစ်ရာကနေ လေရဲ့  အပူချိန်ကြောင့် မီးထွက်လာခြင်း ဖြစ်ပါတယ်။ မီးတန်းအမြင့် ၁၀ မီတာ ကနေ မီတာ ၅၀ လောက်ထိ မြင့်ပြီး တစ်ခါတိုက်ရင် မိနစ် ၂၀ ကြာပါတယ်။ လေ တိုက်နှုန်း၊ မီးတိုက်နှုန်းကလည်း တစ်နာရီ ၁၆၀ ကီလိုမီတာ အထိ မှတ်တမ်း တင်ဖူးပါတယ်။

အချိန်တိုတွင်းမှာ သစ်ပင်အမြစ်ကို ပေ ၅၀ လောက်အထိ ဆွဲတက်ပြီး လောင်ကျွမ်းပျက်စီးစေနိုင် ပါတယ်။ အပူပိုင်း ဒေသတွေမှာ ပိုအဖြစ်များပါတယ်။ ၂၀၀၃ ခုနှစ်က သြစတေးလျနိုင်ငံ Canberra မြို့ မှာ မီးဆင်နှာမောင်း တိုက်ခိုက်ပြီး လေးဦးထက်မနည်း သေဆုံးစေခဲ့ပါတယ်။ လူဦးရေ ၄၉၀ ကျော်ကို ဆေးရုံပို့ခဲ့ရပြီး မြို့ မှာ မီးအကြီးအကျယ်လောင် ကျွမ်းစေ ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ် ဇန်နဝါရီလ တုန်းကပါ။

မီးဆင်နှာမောင်းတိုက်ခိုက်ဖို့အတွက် မီးကြိုးတစ်ချက်ပစ်ပြီး နာရီ ဝက် လောက် မြို့ ဝင်မွေသွားတာ ဖြစ်ပါတယ်။ ယင်းကတည်းက မီးဆင်နှာမောင်းကို လူသိများစေ ခဲ့ပါတယ်။

၂၀၁၂ ခုနှစ်က သြစတေးလျမှာ တိုက်ခတ်တဲ့ မီးဆင်နှာမောင်း အသေး မှတ်တမ်း ဗီဒီယိုကို အောက်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

http://is.gd/7a1R7f

-
International news for myanmar

-

0 comments: