ဆယ်နှစ် အရွယ် ကားသူခိုး ကလေးငယ်


ဗြိတိန်နိုင်ငံမှ ကလေးငယ် တစ်ဦး ဖြစ်ပါတယ်။ အသက် ၁၀ နှစ်ပဲ ရှိသေးပြီး မနက် ၆ နာရီတိုင်း သူ့မိဘ ရဲ့ ကားကို ခိုးမောင်း ပါတယ်။ တစ်ခါတစ်ရံ ဆိုရင် ၁၈ လသား ညီမငယ်ကိုတောင် တင်သွားပါတယ်။


ပြီးတော့ ကီလို မီတာ ၆၀ ကွာဝေးတဲ့ ခရီးက အဘိုးအဘွားတို့ အိမ်ထံ သွားရောက် လည်ပတ်ခြင်း ဖြစ်ပါတယ်။ သူ့ အဲ့ဒီလို မောင်းနှင်တာ အကြိမ်ပေါင်း မြောက်များစွာပါပဲ။ တစ်ရက်ကျတော့ လမ်းပေါ်က ဒရိုင်ဘာ တစ်ဦး သတိထားမိလာပြီး ရဲတွေကို တိုင်ကြားခဲ့ ပါတယ်။ ယာဉ်ထိန်းရဲ တို့ စစ်ဆေးမေးမြန်းတဲ့ အခါ သူဟာ လူပုငယ်လေး ဖြစ်ကြောင်း လိုင်စင်ကို အိမ်မှာ ကျန်ခဲ့ခြင်း ဖြစ်ကြောင်း လိမ်ပြော ပါတယ်။

ကား မှာ ဒဏ်ရာ မဖြစ်သလို၊ လူကိုလည်း မထိုက်ခိုက်စေတဲ့ အတွက် သတိပဲ ပေးခဲ့ ပါတယ်။ ဒါကြောင့်မို့ ယင်းကလေးငယ်လေးဟာ ကမ္ဘာ့ အသက် အငယ်ဆုံး ကားမောင်းနိုင်တဲ့ ကလေးငယ်များထဲက တစ်ဦး ဖြစ်လာခဲ့ ပါတယ်။
.
Ref: dyknow
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: