အွန်လိုင်းမြားနတ်မောင်ဆိုဒ် ကမ္ဘာ့ပထမဆုံး တည်ထောင်သူ



ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ဖြစ်ပြီး Gary Kremen လို့အမည်ရ ပါတယ်။ ၁၉၆၃ ခုနှစ်က မွေးဖွားတဲ့ အမေရိကန်နိုင်ငံသား ဖြစ်ပြီး လျှပ်စစ် အင်ဂျင် နီယာ ဘွဲ့၊ ကွန်ပြူတာ ဘွဲ့ နဲ့ MBA ဘွဲ့တို့ ရရှိထားသူ ဖြစ်ပါတယ်။ သူ့ကို စွန့်ဦး တီထွင်သူ အဖြစ် အားလုံး သတ်မှတ်ထားကြ ပါတယ်။ အကြောင်း ကတော့ သူဟာ ကမ္ဘာ့ ပထမဆုံး ဝဘ်ဆိုဒ် အမျိုးအစားတွေ တည်ထောင်ခဲ့ လို့ ဖြစ်ပါတယ်။


Jobs.com, Housing.com, sex.com နဲ့ match.com တို့လို ဒိုမိန်းကို ကမ္ဘာ့ပထမဆုံး ဝယ်ယူသူ ဖြစ်ခဲ့ပြီး အအောင်မြင်ဆုံးကတော့ match.com ဖြစ် ပါတယ်။ အွန်လိုင်း Dating ဝဘ်ဆိုဒ် တစ်ခု ဖြစ်ပြီး ၁၉၉၃ ခုနှစ်မှာ စတင် တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ယနေ့မှာတော့ နိုင်ငံပေါင်း ၂၅ နိုင်ငံ၊ တိုက်ကြီး ၅ တိုက်မှာ ဘာသာစကား ၈ မျိုးထက် မက နဲ့ လွင့်တင် ထားတဲ့ ဝဘ်ဆိုဒ် ဖြစပါတယ်။ ဝမ်းနည်းစရာ ဇာတ်လမ်းလေး တစ်ပုဒ်လည်း ဖြစ်ခဲ့ ပါတယ်။

သူဟာ Dating site ကို စတင် တည်ထောင်ပြီး သူ့ချစ်သူ မိန်းခလေး ကိုလည်း ဝဘ်ဆိုဒ် အသုံးပြုစေ ပါတယ်။ နောက်တော့ သူ့ချစ်သူ မိန်းကလေး လည်း Match.com ကနေ လူတစ်ဦးနဲ့ တွေ့ဆုံပြီး အပြင်မှာ တကယ် ချစ်ကြိုက်သွားပါတယ်။ Gary Kremen  ကတော့ အသဲကွဲ ကျန်ရစ် ခဲ့ကြောင်း သိရ ပါတယ်။
.
Ref: wiki
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: