တရုတ်ပြည်တွင် တည်ဆောက်သော ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်တိုက်



တရုတ်ပြည် တောင်အလယ်ပိုင်း Hunan ပြည်နယ်၊  Changsha မြို့ မှာ တည်ဆောက်မယ့် မိုးမျှော် အဆောက်အအုံ ဖြစ်ပါတယ်။

အမြင့်ပေ ၂၇၄၉ ပေရှိပြီး ကမ္ဘာ့အမြင့်ဆုံး မိုးမျှော်အဆောက်အအုံကြီး တစ်ခု ဖြစ်လာမှာပါ။ အထပ်ပေါင်း ၂၂၀ ပါဝင်ပါတယ်။ ယခုနှစ်ဇွန်လ မှစတင်တည်ဆောက်ပြီး ၇ လအတွင်း အပြီးသတ်ဖို့ ယာထားပါတယ်။ ကုမ္မဏီက Broad Sustainable Building ဖြစ်ပါတယ်။ တရုတ်ပြည် က ဆောက်လုပ်ရေး ကုမ္မဏီ တစ်ခုပါ။

၄၈ နာရီအတွက် ၁၅ ထပ်ဟိုတယ် အပြီးဆောက်တဲ့ ရာဇဝင် ယင်းကုမ္မဏီ မှာ ရှိပါတယ်။ သို့ပေမယ့် အရည်အသွေးကိုလည်း အာမခံ ထားပါတယ်။ လူအင်အားအများအပြားနဲ့ ပစ္စည်းအရည်အသွေးကို အခြေခံပြီး အသုံးချ သွားတာပါ။ ယခုဆောက်မယ့် မိုးမျှော်အဆောက်အအုံ ကြီးဟာ လည်း မြေ ငလျင်ဒဏ် 9 မဂ္ဂနီကျုအား ခံနိုင်စေမယ်လို့ ဆိုပါတယ်။ ကုန်ကျ စရိတ်ကို အမေရိကန်ဒေါ်လာ ၆၂၈ သန်း ရှိမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။
--
Ref: wiki
International news for myanmar

-

0 comments: