မလေးမှ မြန်မာများ ပြည်တော်ပြန်ရန်နှင့် သတိရှိရန်



မက်စ်မြန်မာ ကုမ္မဏီမှ လေယာဉ်လက်မှတ် ဦးရေ တစ်ထောင်စာ၊ ကမ္ဘောဇ ဘဏ်မှ အလှူငွေ ကန်ဒေါ်လာ ငါးသောင်း၊ MAI လေကြောင်းလိုင်းကလည်း တစ်ဝက်သော ဈေးနှုန်းနဲ့ အလှူအဒါန်းပြုပြီး မလေးရောက် မြန်မာများ ပြန်ဖို့ အတွက် စီစဉ်ပေးနေပြီလို့ Eleven Media ၏ ဖော်ပြချက်အရ သိရသည်။


မြန်မာအစိုးရမှလည်း သက်ဆိုင်ရာအရာရှိများကို စေလွတ်ပြီး မလေးရောက် မြန်မာများကို ကူညီထောက်ပံ့မှု၊စုံစမ်း စစ်ဆေးမှုမျး ပြုလုပ်သွားမည် ဖြစ်သည်။

ထို့ကြောင့် လက်ရှိ မလေးရောက် မြန်မာများအနေ လက်တလောတွင် သတိနှင့် နေထိုင်ရန် တိုက်တွန်းအပ်ပါသည်။

မလေးရောက် မြန်မာတစ်ဦး၏ အဆိုရ ဆလာရန်း၊  ကပုန်း၊ ရာဝမ်း၊ အမ်ဘန်း၊ ကလန်း အစရှိသော နေရာဒေသတွင် နေထိုင်သော မြန်မာများ ပိုမို အထူး သတိပြုစေလိုကြောင်း သိရသည်။ လက်ရှိ တွင် reuters သတင်းဌာန၏ ကြေညာချက်အရ မြန်မာ ၄ ဦးဆိုထားသော်လည်း ယင်းထက် များပြားသည်ဟု မလေးရောက် မြန်မာများက ပြောဆိုသည်။

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် အခက်အခဲများ ကြုံတွေ့ပါက မလေးရှားနိုင်ငံရှိ ကပုန်းနာရေး ကူညီမှုအသင်းဥက္ကဋ္ဌ ဦးစန်းဝင်း၊ ဖုန်း- + ၆၀၁၆၆ ၅၇၇ ၉၀၃၊ + ၆၀၁ ၉၃၉၉ ၃၇၆၃ များသို့ ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

.......................
International news for myanmar

-

0 comments: