ပေါင် ၉၀၀ အလေးချိန်ရှိသူရဲ့ တစ်ကိုယ်လုံး ဓာတ်မှန်


Twitter, Facebook ဆိုရှယ်မီဒီယာများ ပေါ်မှာ ပြန့်နှံ့နေတဲ့ ယင်းပုံကို 3D Animation ဆွဲထားတာလို့ အမျိုးမျိုး ပြောခဲ့ကြပြီး ဒါဟာ တကယ် ဓာတ်မှန် ပုံရိပ် အစစ် ဖြစ်ကြောင်း Mirror, Dailymail တို့လို မီဒီယာကြီးများက အတည်ပြော ပြောကြားပေးခဲ့ ပါတယ်။


ဗြိတိန်နိုင်ငံရှိ ဆေးရုံ တစ်ရုံမှ ရလာတဲ့ ဓာတ်မှန် ရလဒ် တစ်ခု ဖြစ်ပါတယ်။ ပေါင် ၉၀၀ အလေးချိန် ရှိ လူတစ်ဦးကို ဓာတ်မှန် ရိုက်ထားခြင်း ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့ ရသလိုပဲ အရိုးက သာမန် လူတစ်ယောက်သာသာ သာ ရှိပေမယ့် အဆီ ဖုန်းလွမ်းမှုက အံ့မခန်း ကြောက်စရာ ကောင်းနေ ပါတယ်။

 CT scanner နဲ့ ရိုက်ကူးထားတဲ့ ယင်း X Ray ဓာတ်ပုံဟာ အဝလွန် အစားအသောက် စားသုံးသူများ အတွက် လန့်စရာ ဖြစ်စေခဲ့ ပါတယ်။
.
Ref: Mirror
အောင်ခမ်း (www.innewsmyanmar.com)

.

0 comments: