အမေရိကန် အာကာသယာဉ်ပျံ Endeavor ကို ဟော်စတွန်သို့ သယ်ဆောင်လာ



စက်တင်ဘာ ၁၉။      ။ အမေရိကန်နိုင်ငံ၊ ဟော်စတွန်မြို့ ရှိ Ellignton ကွင်းပြင်တွင် နာဆာ၏ အာသာယာဉ်ပျံသယ်ဆောင်ရေးလေယာဉ် 747 ဆင်းသက်မှုအား ယခုကဲ့သို့ တွေ့မြင်ရသည်။


နာဆာ အဖွဲ့မှ အသုံးပြုခဲ့သော Endeavor အမည်ရ အာကာသယာဉ်ပျံကို အနားပေးလိုက်ပြီဖြစ်ရာ ပင်မ နာဆာ အာကာသယာဉ်လွတ်တင်ရာ ဌာနမှ ကယ်လီဖိုးနီးယားပြည်နယ် Science Center သို့ သွားရောက် ခင်းကျင်းပြသရန် ဖြစ်သည်။ ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အတွင်း တည်ဆောက်ထားသော ယင်း ယာဉ်ပျံ Endeavor သည် Challenger အာကာသံယာဉ်ပျံနေရာတွင် အစားထိုးရန် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး နှစ်လရှည်ကြာ  အသုံးပြုခဲ့သည်။

ယခုအခါ ယင်းယာဉ်ပျံကို အနားပေးတော့မည် ဖြစ်ပြီး အာကာသ ယာဉ်ပျံအသစ်များ တည်ဆောက်ရန် နာဆာမှ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း သိရသည်။
---
Ref:news.cn




0 comments: