အမေရိကန်တွင် အချမ်းသာဆုံ ပုဂ္ဂိုလ် ၁၂ ဦးတွေ့ဆုံ



အမေရိကန်နိုင်ငံ၊ နယးယောက်မြို့ ရှိ ပြည်သူစာကြည့်တိုက်တွင်း ခန်းမတစ်ခုတွင် အမေရိကန်နိုင်ငံ၊ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၂ ဦးတို့ တစ်စုတစ်စည်းတည်းတွေ့ဆုံခဲ့ကြောင်း သိရသည်။

Warren Buffett, Oprah Winfrey, Bill and Melinda Gates, Pete Petersen, Leon Black, Jon Bon Jovi, Marc Benioff, David Rubenstein, Steve Case, Laura Arrillaga-Andreessen, Marc Andreessen အစရှိသဖြင့် စုစုပေါင်း ၁၂ ဦးပါရှိပြီး ယင်းတွေ့ဆုံမှုအတွက် ဘီလ်ဂိတ်နှင့် ရင်းနှီးမြှုပ်နှံ စီးပွားရေးလုပ်ငန်းရှင် Warren Buffett တို့ ဦးဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့ ၁၂ ဦးပေါင်းငွေကြေးမှာ အမေရိကန်ဒေါ်လာ ၁၂၆ ဘီလျံဖြစ်ပြီး ဘီလ်ဂိတ်နှင့် Buffect တို့ကအများဆုံး ဖြစ်သည်။ ရော့ခ်ဂီတအဆိုတော် Bon Jovi မှအစ မိုက်ခရိုချစ်ပ်ပြား တီထွင်သူအထိ နယ်ပယ်ဒေသ အသီးသီးတွင် အောင်မြင်သူများ တွေ့ဆုံမှုဖြစ်ပြီး ၎င်းတို့ ဆွေးနွေးတိုင်ပင်မှုများကို ကမ္ဘာတစ်လွှားမှ စိတ်ဝင်တစား ရှိခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲ၏ ရလဒ်တစ်ခုမှာ အမေရိက၏ အချမ်းသာဆုံး ပုဂ္ဂိုလ် ၂၁ ဦး ကို နှစ်စဉ် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ရန် ဖြစ်ပြီး ချမ်းသာမှုအား အခြေခံလူတန်းစားအထိ ကူးဆက်နိုင်ရန် နည်းလမ်းများဆွေးနွေး၊ ကူညီသွားကြမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး အစရှိသဖြင့် ကမ္ဘာတစ်ဝန်း တန်းတူ တိုးတက်လာရန် အမေရိက မှ ဘီလျံနာများ ကြိုးပမ်းသွားမည် ဖြစ်ကြောင်း သိရသည်။
---
Ref:Forbes




0 comments: