လေဒီဂါဂါနှင့် ငှက်မွေးအုပ်ထုပ်
စက်တင်ဘာ ၄။ ။ Born this way စီးရီး ပရိုမိုးရှင်းခရီးစဉ်အဖြစ် ဒိန်းမတ်နိုင်ငံမှ ဂျာမနီသို့ ခရီးသွားရန် ဟိုတယ်မှ ထွက်လာသော လေဒီဂါဂါအား ယခုကဲ့သို့ တွေ့မြင်ရသည်။
၂ပေ ကျော်ရှည်သော သူမ၏ အနက်ရောင် ငှက်မွေးအုပ်ထုပ် နှင့် သားမွေးအင်္ကျီဝတ်စား ဆင်ယင်မှုကြောင့် သူမပရိတ်သတ်များ၏ စိတ်ဝင်စားမှုကို အမိအရ စွဲယူနိုင်ခဲ့သည်။ ဝတ်စားဆင်ယင်မှုတွင် ဘုရင်တစ်ဆူအဖြစ် မှတ်ကျောက် အတင်ခံထားရသော လေဒီဂါဂါသည် တိရစ္ဆာန်အခွင့် အရေး ထိန်းသိမ်းသူများအဖွဲ့ အတွက် ယနေ့တိုင် အမြင်ကပ်စရာ ဖြစ်နေဆဲ ဖြစ်သည်။
----
Ref: news.cn
Photo courtesy of news.cn. All Rights Reserved.











0 comments: