မြန်မာပြည်ရောက် BMW 7 Series မှ E65

 ဒီနောက်ပိုင်း မြန်မာပြည်ကို BMW Series ကားများ အရောက်များပါတယ်။ Series တောင်မှ တစ်ခုတည်း မဟုတ်ပဲ စုံစုံလင်လင်ရောက်ရှိပါ တယ်။ ဈေးနှုန်းကလည်း ယန်း ၁၁သိန်း၊ သိန်း ၂၀၊ ၃၀၊ ၄၀ အထက် အစရှိသဖြင့် အစားစားနဲ့ ရှိနေတဲ့အတွက် ကိုယ်နိုင်တဲ့ဈေးနဲ့ ရွေးနိုင်တဲ့ BMW ကားသန့်များ ဖြစ်ပါတယ်။


၂၀၀၇ မော်ဒယ်တောင် Condition ကောင်းကောင်းက ယန်း ၁၄ သိန်းမကျော်တဲ့အတွက် မြန်မာငွေနဲ့ တွက်ရှင် သိန်း ၁၅၀ ဝန်းကျင်သာရှိတဲ့ကား ဖြစ်ပါတယ်။ သို့ပေမယ့် အခွန်ပမာဏနဲ့ ထည့်တွက်စဉ်းစားမယ်ဆိုရင် စုစုပေါင်း မြန်မာကျပ် သိန်း ၄၀၀၊ ၅၀၀ ဝန်းကျင်နဲ့လည်း ရနိုင်ကားဖြစ်ပါတယ်။ ကားဈေးက အမြဲကျနေပါတယ်။ BMW 7 Series ကို သိန်း ၃၀၀ ဝန်းကျင်နဲ့ အရောင်းအဝယ် ထွက်နေတယ်လို့လည်း ကြားရပါတယ်။

၂၀၀၂ ခုနှစ်ကနေ ၂၀၀၈ ကြားမော်ဒယ်ကတော့ စတုတ္ထ မျိုးဆက်ဖြစ်ပါတယ်။ မြန်မာတွေအတွက် အသင့်တော်ဆုံး ပဲ ဖြစ်ပါတယ်။ ကားဟောင်းစလစ် နဲ့ ဝယ်ဖို့သင့်တော်ပြီး ၂၀၀၇ မော်ဒယ်မကျော်တဲ့အထဲက စိတ်ကြိုက်ရွေးချယ် ဝယ်နိုင်ပါတယ်။ ၂၀၁၀ကျော်၊ ၂၀၁၂  မော်ဒယ်တွေမှ ဝယ်ချင်သပဆိုလည်း ရပါတယ်။ သို့ပေမယ့် သိန်း ၁ထောင် ဝန်းကျင်လောက်ထိ ဈေးမြောက်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း BMW ကို မြန်မာပြည်မှာ လူကြိုက် များနေရခြင်း ဖြစ်ပါတယ်။

E65 လို့လူသိများတဲ့ ဆလွန်းကတော့ 7Series မှာ ရောင်း အား အကောင်းဆုံးလို့ ဆိုပါတယ်။ ၂၀၀၁ ခုနှစ်က မော်တော်ယာဉ်ပြပွဲတွေမှာ ဝင်ရောက်ပြသပြီး ၂၀၀၂ မော်ဒယ်နဲ့ ဈေးကွက် စတင်ရောက်ရှိတဲ့ ကား ဖြစ်ပါ တယ်။ ဓာတ်ဆီ အင်ဂျင်၊ တာဘိုဒီဇယ်အင်ဂျင်နှစ်မျိုးလုံး ထုတ်လုပ်ထားတဲ့အတွက် သင့်တော်ရာ ရွေးချယ်နိုင် မှာ ဖြစ်ပါတယ်။ ၃၀၀၀ စီစီကနေ ၆၀၀၀ စီစီအထိ စုစုပေါင်းအင်ဂျင်အမျိုးအစား ၁မျိုးကွဲသွားပါတယ်။ ဆီစား များတဲ့အတွက် ပါဝါကြီးတာရှောင်ကြပြီး ၃၀၀၀ စီစီဝန်း ကျင်တွေပဲ ရွေးချယ်ဝယ်ယူကြပါတယ်။ V ပုံ ၈လုံးပူး ပစ်စတင်၊ Iပုံ 6လုံးပူး အင်ဂျင်၊ ၁၂လုံးပူး V အင်ဂျင် အစားစားထုတ်ထားပါတယ်။ တာဘိုဒီဇယ်ဗားရှင်းက ၂၀၀၅ နောက်ပိုင်း E65 မှာ ကြိမ်းသေတွေ့ ပါတယ်။ ပြိုင် ကား ဗားရှင်း Alpina B7 က ၄၄၀၀ စီစီ အင်ဂျင်သုံး တာတောင် လုပ်ဆောင်ချက်အမြင့်ဆုံးဖြစ်ပြီး အမြန်ဆုံး ပြေးနှုန်း တစ်နာရီ ၁၈၆ မိုင်အထိ ရှိပါတယ်။ အနိမ့်ဆုံးမော်ဒယ်က တစ်နာရီ ၁၄၇မိုင်ဖြစ်ပြီး တော်တော် များများကတော့ ၁၅၅ မိုင်ဝန်းကျင် အမြန် ဆုံး မောင်းနှင်နိုင်ပါတယ်။

iDrive စနစ်ဆိုတာ E65 ရောက်မှ စတင်အသုံးပြုတဲ့ နည်းပညာ ဖြစ်ပါတယ်။ ဒတ်ခ်ျဘုတ်မှာ တီဗီမျက်နှာပြင် ပါပြီး ကွန်ပျူတာမောက်စ့်လိုအသုံးပြုရမယ့် ခလုပ်ပါဝင် ပါတယ်။ သူက ကားရဲ့ အပူအအေး၊ အော်ဒီယို၊ မြေပုံ၊ suspension, ဆက်သွယ်ရေး အစရှိသဖြင့် စုစုပေါင်း ၈မျိုးလောက်ကို ထိန်းချုပ်ပေးပါတယ်။ ဇိမ်ခံကား ဖြစ် သည့်အားလျော်စွာ Stability Control မှာ အသားပေးထား ပါတယ်။

အော်တိုဂီယာ သာထုတ်လုပ်ပြီး ၅ချက်ထိုးနဲ့ ၆ချက်ထိုး နှစ် မျိုး မြင်တွေ့နိုင်မှာ ဖြစ်ပါတယ်။ အီလက်ထရောနစ် ထိန်းချုပ်ဘရိတ်စနစ်တို့ပါဝင်ပါတယ်။ လေအိတ်ပါဝင်ပါတယ်။ သို့ပေမယ့် အပိုပစ္စည်းပါဝင်မှုက ဂျပန်လေလံဈေး ထဲ ရောက်ပြီးဖြစ်တဲ့အတွက် အားလုံး ပါမပါ ကြိမ်းသေပြော လို့ မရပါဘူး။ သူ့အမျိုးအစားလည်း ကိုယ်တိုင်စိစစ်ရွေး ချယ်ရမှာ ဖြစ်ပါတယ်။

ကားရဲ့ ဒီဇိုင်းက တံခါးလေးပေါက်ဖြစ်ပြီး အမိုးမှာ Sun-roof ပါဝင်ပါတယ်။ ပါဝါဝင်းဒိုး၊ ပါဝါ ဘက်မှန်၊ နောက်ကြည့် ကင်မရာ၊ LED မီးလုံး၊ စမတ်ကီး စနစ် အစရှိသဖြင့်တို့လည်း ပါဝင်ပါတယ်။ ကားအရှည် ၁၉၈ လက်မ၊ အကျယ် ၇၄.၉လက်မ၊ အမြင့် ၅၈.၇ လက်မကိုယ်စီ အတိုင်းရှိပါ တယ်။ E66 မှာဆိုရင် ၂၀၃.၅ လက်မရှည်ပါတယ်။ သူ့ကို E65 တစ်မျိုးတည်းမဟုတ်ပဲ E66, E67, E68 ဆိုပြီးလည်း စတုတ္ထမြောက် 7 series အောက်မှာ အမျိုးအစား ထပ်ခွဲထားပေးပါသေးတယ်။ အဆင့်မြင့် ဂျာမနီ ဇိမ်ခံကား တစ်မျိုးဖြစ်ပြီး သိန်း ၆၀၀ ဝန်းကျင် ရင်းရင် ခပ်ကောင်းကောင်း ရွေးဝယ်နိုင်တဲ့ BMW များ ဖြစ်ပါတယ်။

http://www.colayonline.com.mm/automobile/portal.html#auction















0 comments: