ရိုမေနီးယားမှ သတို့သမီးခိုးခြင်း ရိုးရာ
မြန်မာတို့မှာ မင်္ဂလာမောင်နှံကို ရွှေကြိုး၊ ငွေကြိုးတားပြီး ပိုက်ဆံ တောင်းသလို ရိုမေနီးယားမှာလည်း ရိုးရာ ဓလေ့ တစ်ခု ရှိပါတယ်။
ဒါကတော့ သတို့သမီး ခိုးခြင်း ဖြစ်ပါတယ်။ မင်္ဂလာဦးညမှ သတို့သမီးတို့ မိတ်ဆွေသူငယ်ချင်းများက ခေါ်ဆောင်သွားပြီး သတို့သားက ပြန်လည်လိုက်ကယ် ထမ်းပိုးရတဲ့ အလေ့အထ ဖြစ်ပါတယ်။ (မြန်မာပြည်က ဒေသအချို့ မှာလည်း ဒီလို လုပ်တဲ့ အလေ့အထ ရှိနေပါသေးတယ်။)
ယင်းပွဲကို ရိုမေးမီးယားရဲ့  ဗူးခရက်မြို့ မှာ ရှိတဲ့ မုခ်ဦးခုံး Arcul de Triumf မှာ အပတ်စဉ် ကျင်းပပြုလုပ်လျက် ရှိတယ်လို့ သိရပါတယ်။ လက်ရှိကာလမှာ မင်္ဂလာပွဲ အမြဲတမ်းရှိနေတော့ Arcul de Triumf မှာလည်း အမြဲလိုလို စည်ကားလျက် ရှိတယ်လို့ သိရပါတယ်။
----
Ref:news.cn

0 comments: