ပါဝါရိန်းဂျား Tommy Oliver သည် ရှုံးပွဲမရှိ လက်ဝှေ့သမား ဖြစ်



Tommy Oliver ကို ပါဝါရိန်းဂျားဇာတ်ကား ကြည့်ဖူးသူတိုင်း သိကြမှာပါ။ အမည်ရင်းကတော့ Jason David Frank လို့ခေါ်ပါတယ်။ ယခုတော့ အသက် ၃၉ နှစ် ကျော်သွားပါပြီ။


သူ့ရဲ့  ဘဝ သက်တမ်း တစ်လျှောက် ပါဝါရိမ်းဂျား လေးကောင် ဖြစ်ခဲ့ ဖူပါတယ်။  Mighty Morphin Power Rangers မှာ ၁၉၉၃ ခုနှစ်က စလို့ အစိမ်းကောင် ပါဝါရိမ်းဂျား ဖြစ်ပါတယ်။ အဲ့တုန်းက သူ့အသက် ၁၉ နှစ်ပါ။ နောက်တော့ အဖြူကောင်အဖြစ်သို့ ပြောင်းသွားပါတယ်။ အဖြူကောင် ဖြစ်ပြီး အဖွဲ့ဝင် သရုပ်ဆောင်တို့နဲ့ ညှိနှိုင်းမှုမပြေလည်လို့ Zeo/Turbo (တာဘိုပါဝါရိမ်းဂျားမှာ အနီကောင် အဖြစ် ပြောင်းလဲ ပါဝင် ပါတယ်။ ပြီးတော့ ဒိုင်နိုတန်ဒါ (Dino Thunder) မှာ အနက်ကောင် ဖြစ် သွား ပြန်ပါတယ်။

နောက်ဆုံးတော့ Green Ranger အမည်နဲ့ပဲ အစိမ်းရောင် တစ်ကောင်တည်း ဆိုလိုဗားရှင်း ရိုက်ကူး ထုတ်လုပ်ပါတယ်။ ဒီတော့ အစိမ်း၊ အဝါ၊အနီ၊ အနက် အရောင်လေးမျိုး ဝတ်ဆင်ခဲ့ရတဲ့ Jason ဟာ ကလေး၊ လူငယ် တွေအကြား အထူးရေပန်းစားပါတယ်။

သူ့မှာ လူသိနည်းတဲ့ အချက်တစ်ခု ရှိပါတယ်။ ဒါကတော့ သူ့ရဲ့  ကိုယ်ခံ ပညာရပ် အကြောင်းပါ။ ကရာတေး ခါးပတ်နက် ရထားသူ ဖြစ်ပြီး ဘရာဇီး ဂျူတို-နပန်းမှာ အပန်းအရောင် ခါးပတ်အဆင့်အထိ ရထားသူ ဖြစ်ပါတယ်။ ဒါတင် မကသေးပါဘူး။ အထူးခြားဆုံး အချက်ကတော့ သူဟာ ရှုံးပွဲ မရှိ လက်ဝေ့ အားကစားသမား တစ်ဦးဖြစ်ခင်း ဖြစ်ပါတယ်။

Mixed martial arts လို့ခေါ်တဲ့ နပန်း၊ လက်ဝှေ့ ရောစပ် အားကစား ပါ။ နိုင်ငံအဆင့် ပြိုင်ပွဲ ၈ခု ပါဝင်ဖူးပြီး ၈ ပွဲလုံးမှာ အနိုင်ရထား သူ ဖြစ်ပါ တယ်။ ငယ်ငယ်လေးကတည်း ကရာတေးပညာကို သင်ကြားလာ သူပါ။ ကျောင်းစတက်တဲ့ အသက် ၄ နှစ်သားကတည်းက ကရာတေး သိုင်းပညာကို အဓိက ထား ရွေးချယ်ခဲ့သူ ဖြစ်ပါတယ်။ 

ဒါကြောင့် ပါဝါရိန်းဂျာ Tommy Oliver တစ်ဖြစ်လဲ Jason David Frank ဟာ အရှုံမရှိ လက်ဝှေ့သမား တစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

.
Ref:wiki
International news for myanmar

.

0 comments: