စစ်သားဟောင်းရဲ့  ဆင်းရဲ အလှူ



ဘူလ်ဂေးရီးယား နိုင်ငံ မှာပါ။ အသက် ၉၈ နှစ်ရှိပြီဖြစ်တဲ့ အဘိုးကြီး တစ်ယောက်ဖြစ်ပါတယ်။ Dobri Dobrev လို့ အမည်ရပါတယ်။


ဒုတိယ ကမ္ဘာစစ်ကာလက တိုက်ပွဲကြောင့် အကြားအာရုံဆုံးရှုံးသွားတဲ့ စစ်သား တစ်ဦးပါ။ မိသားစုမရှိတော့ပါဘူး။ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ တစ်နေ့ပြီး တစ်နေ့ ခြေလျင် ခရီး  လျှောက် ရင်း တောင်းစားပါတယ်။ တစ်နေ့တော့ ဘူလ်ဂေးရီးယားရဲ့  ဆိုဖီယာမြို့ ကို ရောက်ရှိပါတယ်။

သူရောက်ရှိတဲ့အချိန် လက်ထဲမှာ စုမိတဲ့ ငွေက ယူရို ၄ သောင်း ရှိနေပါပြီ။  ယင်း ယူရိုငွေ လေးသောင်းကို ဘူလ်ဂေးရီးယားက ဘုန်းကြီးကျောင်းတွေ၊ မိဘမဲ့ ဂေဟာတွေ အားလုံး ပေးလှူပစ်လိုက်မယ်လို့ ဘယ်သူမှ မထင် ဘူးလေ။ သူတကယ် လှူဒါန်းခဲ့ပါတယ်။
--
Ref: awsoempeople

ှုInternational news for myanmar

.

0 comments: