တစ်ချိန်က အမေရိကန် Fashion Police



၁၉၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့က Bill Norton အမည်ရ ရဲက အမျိုးသမီးတို့ ရဲ့  ရေကူးဝတ်ဆုံကို စစ်ဆေး တိုင်းတာနေမှုပါ။

သာမန်လုံခြုံရေး ရဲတစ်ဦး မဟုတ်ပါဘူး။ ဖက်ရှင် ရဲ လို့ခေါ်တဲ့ Fashion Police ဖြစ်ပါတယ်။ ဝါရှင်တန် ဒီစီ မှာ Col.Sherrell အမည်ရ  မြို့ စောင့် ရဲချုပ် က တာဝန်ထန်းဆောင်စဉ် ကာလက ဖြစ်ပြီး ပြည်သူတို့ အဝတ်အစား ဝတ်ဆင်မှုကအစ စည်းကမ်း တင်းကြပ်ခဲ့ပါတယ်။ တရားဥပဒေ စိုးမိုးမှု နည်းပါးစဉ် ကာလမှာ အမျိုးသမီးတို့ရဲ့  မလုံခြုံတဲ့ အဝတ် အစားတွေကြောင့် ဖြစ်လာမယ့်  ပြစ် မှုတွေကို ရင်ဆိုင် ဖြေရှင်းဖို့အတွက် ကြိုတင်ကာကွယ်ခြင်း ဖြစ်ပါတယ်။

ဒီအတွက် ဝါရှင်တန်နေ အမျိုးသမီးတို့ကို လုံလုံခြုံခြုံ ဝတ်ဆင်စေပြီး မဖြစ်မနေ ဝတ်ရမယ့် ရေကူးဝတ်ဆုံမှာဆိုရင် ဒူးအထက ၆ လက်မ မပိုရ ဥပဒေကို ထုတ်ပြန်ခဲ့ပါတယ်။ ဒါကြောင့် ဝါရှင်တန်က Tidal Basin မြစ် မှာ ရေကူးမယ့်၊ ရေချိုးမယ့် အမျိုးသမီးတွေကို ဝတ်ဆုံတိုင်းတာစစ်ဆေးဖို့ အတွက် ရဲများကို ထားရှိပေးထားပါတယ်။

ဒါ့အပြင် မြို့ မှာလည်း အဝတ်အစားမလုံခြုံသူများကို ဖမ်းဆီးအရေးယူရန် Fashion Police များကို သီးသန့်တာဝန်ပေးလို့ ချထားခဲ့ဖူးကြောင်း သိရပါတယ်။
.

Ref: dyknow
International news for myanmar

.

1 comment:

  1. ခေတ်ကာလ အပြောင်းအလဲတွေက အင်မတန်စိတ်ဝင်စားစရာ ကောင်းပါတယ်။

    တစ်ချိန်က အမေရိကန်မှာ အမျိုးသမီးတွေ မဲပေးခွင့် မရှိဘူး။ လူမဲတွေ မဲပေးခွင့် မရှိဘူး။ လူမဲတွေ လူဖြူနဲ့ လက်ထပ်ခွင့် မရှိဘူး။ လူ့အဖွဲ့အစည်းတွေမှာ ကောင်းတဲ့ အပြောင်းအလဲတွေ ရှိသလို၊ မကောင်းတဲ အပြောင်းအလဲတွေလည်း ရှိတတ်တယ်။

    ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းတဲ့ လူ့အဖွဲ့အစည်းက အကောင်းဖက်ကို ဦးတည်သွားတတ်ပြီး၊ တာဝန်မဲ့ အရည်အချင်းမဲ့တဲ့ ကြက်ဆူပင် ခေါင်းဆောင်တွေ ပေါ်ထွန်းတဲ့ လူ့အဖွဲ့အစည်းက ဆိုးသွားတတ်တယ်။

    ReplyDelete